ကော်ဖီသာကူလုံး
ကော်ဖီကြိုက်သူများအတွက် ကော်ဖီသာကူလုံးလေးပါ။ ကော်ဖီသာကူလုံးကို အုန်းသီးတမျိုးထဲလူးထားတာ မဟုတ်ပဲ ကော်ဖီနှင့်လိုက်ဖတ်တဲ့ နို့မှုန့်နဲ့ပါလုံးထားသော ဆိမ့်ပြီးတော့ကို စားကောင်းပါတယ်။ အုန်းသီးမကြိုက်တဲ့သူတွေဆိုရင် နို့မှုန့်တမျိုးထဲကိုလူြး ပီးစားပါ။ အလွန်စားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ပါဝင်သောပစ္စည်းများ ၁။ သာကူ - ၁ ခွက် ၂။ ရေ - ၂ ခွက်ခွဲ ၃။ premier americano coffee မှုန့် - ၃ ထုပ် (၁ခွက်ဖျော်စာအထုပ်) ၄။ သကြား - ၁ ခွက်ခွဲ ၅။ ခြစ်ထားသော အုန်းသီးဖတ် - ၁ ခွက် ၆။ နို့မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း ၇။ ဆား - အနည်းငယ် (၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) (ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml) ပြုလုပ်နည်း ၁။ သာကူကိုေ၇ဆေးပြီးေ၇စစ်ထားပါ။ အုန်းသီးဖတ် နှင့်နို့မှုန့်တို့ကိုရောရ်ျ သမအောင်လုပ်ထားပါ။ ၂။ ရေ၊ ဆား တို့ ကို သာကူကြိုမည့် အိုးထဲထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် premier americano coffee မှုန့်များကိုထည့်ပြီးအရည်ေ ပျာ်အောင်လုပ်ပါ။ ၃။ ထို့နောက် သာကူကို ထည့်ရ်ျ အဆက်မပျက်မွှေ...