မုန့် ဆမ်း


မုန့် ဆမ်းကတော့ အလွန်နူးညံ့ပြီးစားလို့ ကောင်းတဲ့မုန့် တမျိုးပါ။ မုန့် ဆမ်းအဖတ်(poha)ကို အိန္ဒိယကုန်စုံဆိုင်မှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ အိန္ဒိယကုန်စုံဆိုင်တချို့ မှာက Poha thick နှင့် Poha thin ဆိုပြီး ၂မျိုးရှိပါတယ်။ thick ကိုရွေးချယ်ဝယ်ယူပါ။ မုန့် ဆမ်းကမာနေရင်လဲစားမကောင်းသလို အရမ်းအိနေရင်လဲ စားမကောင်းပါဘူး။ မုန့် ဆမ်းစိမ့်စိမ့်လေးနဲ့ စားလို့ ကောင်းတဲ့နည်းလေးမို့ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ မုန့် ဆမ်းအဖတ် (Poha) - ၂ ခွက် (သို့ ) ၂၀၀ ဂရမ်
၂။ သကြား - ထမင်းစားဇွန်း ၄ ဇွန်း
၃။ နို့ စိမ်း - ထမင်းစားဇွန်း ၈ ဇွန်း
၎။ နွားနို့ - ထမင်းစားဇွန်း ၈ ဇွန်း
၅။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
မုန့် ဆမ်းနယ်ပြီး စားခါနီးကျဖြူးရန်
၁။ သကြား
၂။ အုန်းသီးခြစ်ဖတ်
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ မုန့် ဆမ်းကို ရေဖြင့် ၂ ခါ/၃ ခါလောက်ဆေးပါ။ ပြီးလျှင် ၁၅ မိနစ်လောက်ရေစစ်ထားပါ။ ပြီးနောက် ဇလုံတခုထဲထည့်ထားပါ။
၂။ အိုးသေးသေးတခုထဲကို နွားနို့ နှင့်နို့ စိမ်းထည့်ရ်ျ ပွက်လာအောင်တည်ပါ။
၃။ ဇလုံထဲထည့်ထားသော မုန့် ဆမ်းကို ဆား ၊ သကြား ထမင်းစားဇွန်း ၄ ဇွန်း၊ အုန်းသီးခြစ်ဖတ်တို့ ဖြင့်အရင်နယ်ပါ။ ထို့ နောက် ပူနေသော နွားနို့ နှင့်နို့ စိမ်းကို အပေါ်မှဆမ်းရ်ျ သမအောင်နယ်ပေးပြီး နှပ်ထားပါ။ (နွားနို့ ၊နို့ စိမ်းအပူဖြင့် မုန့် ဆမ်းဖတ်များကနူးအိသွားပါလိမ့်မည်။)
၎။ စားခါနီးတွင် အပေါ်ကနေ သကြားနှင့် အုန်းသီးထပ်ဖြူးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။
Image may contain: food and indoor