ကော်ဖီသာကူလုံး


ကော်ဖီကြိုက်သူများအတွက် ကော်ဖီသာကူလုံးလေးပါ။ ကော်ဖီသာကူလုံးကို အုန်းသီးတမျိုးထဲလူးထားတာ မဟုတ်ပဲ ကော်ဖီနှင့်လိုက်ဖတ်တဲ့ နို့မှုန့်နဲ့ပါလုံးထားသော ဆိမ့်ပြီးတော့ကို စားကောင်းပါတယ်။ အုန်းသီးမကြိုက်တဲ့သူတွေဆိုရင် နို့မှုန့်တမျိုးထဲကိုလူးပြီးစားပါ။ အလွန်စားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ 

ပါဝင်သောပစ္စည်းများ
၁။ သာကူ - ၁ ခွက်
၂။ ရေ - ၂ ခွက်ခွဲ
၃။ premier americano coffee မှုန့် - ၃ ထုပ် (၁ခွက်ဖျော်စာအထုပ်)
၎။ သကြား - ၁ ခွက်ခွဲ
၅။ ခြစ်ထားသော အုန်းသီးဖတ် - ၁ ခွက်
၆။ နို့မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၇။ ဆား - အနည်းငယ်
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ သာကူကိုေ၇ဆေးပြီးေ၇စစ်ထားပါ။ အုန်းသီးဖတ် နှင့်နို့မှုန့်တို့ကိုရောရ်ျ သမအောင်လုပ်ထားပါ။
၂။ ရေ၊ ဆား တို့ ကို သာကူကြိုမည့် အိုးထဲထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် premier americano coffee မှုန့်များကိုထည့်ပြီးအရည်ပျော်အောင်လုပ်ပါ။
၃။ ထို့နောက် သာကူကို ထည့်ရ်ျ အဆက်မပျက်မွှေပါ။
၎။ ၃ မိနစ်လောက်မွှေပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပါ။ (သကြားအ၇င်ထည့်လျှင် မတွဲပဲ နေတတ်ပါတယ်။)
၅။ သကြားထည့်ပြီး သာကူစေ့ ရဲ့ အလည် အစံ အနည်းငယ် (ဖောင်တိန်ထိပ်လောက်) ကျန်တဲ့ အချိန်တွင် မီးဖိုပေါ်မှချရ်ျ အအေးခံမည့် ဘန်းထဲထည့်ရ်ျ အအေးခံပါ။
၆။ အေးသွားသော သာကူများကို ကပ်ကျေးဖြင့် အတုံးများ တုံးရ်ျ အုန်းသီးဖတ်၊နို့မှုန့်တို့ဖြင့် လူးပါ။ (အုန်းသီးဖတ်ကို စားခါနီးမှလူးရ်ျ စားပါ။ အုန်းသီးဖတ်များ လူးထားသောသာကူက အကြာကြီး မခံပဲ ချဉ်သွားတတ်လို့ ပါ။)

#PremierCoffee
Image may contain: food