ဂျုံဘိန်းမုန့်


ဒီတခါတော့ ဂျုံဘိန်းမုန့်ကိုဘန်းနဲ့ ဖုတ်တဲ့နည်းလေးပါ။ ပွဲတွေမှာကျွေးလို့သင့်တော်တဲ့နည်းလေးပါ။ ဂျုံဘိန်းမုန့်နှင့် ဆန်ဘိန်းမုန့်ကကွာခြားတာကတော့ ဂျုံကပိုပွတဲ့အတွက် အချိုပိုထည့်ရတယ်။ ရေပိုထည့်ရပါတယ်။ အိအိမွှေးမွှေးလေးနဲ့စားလို့ကောင်းတဲ့ ဂျုံဘိန်းမုန့်ကိုလုပ်စားကြည့်ရအောင်နော်။ 

ပါဝင်သောပစ္စည်းများ (၉ လက်မ x ၁၁ လက်မ တဘန်းစာ)
၁။ ဂျုံမှုန့် - ၃ ခွက် = ထမင်းစားဇွန်း ၄၈ ဇွန်း
၂။ ကြက်ဥ - ၃ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၎။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ၁ ခွက် နှင့်ထမင်းစားဇွန်း ၄ ဇွန်း (သို့) ထမင်းစားဇွန်း ၂၀ ဇွန်း
၅။ ခပ်နွေးနွေးရေ - ၂ ခွက် = ထမင်းစားဇွန်း ၃၂ ဇွန်း (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့ စမ်းကြည့်လို့ လက်ကအပူခံနိုင်တဲ့ အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၇ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - လက်တဆုပ်စာ
၉။ အခွံချွတ်ထားသော မြေပဲလှော် - ထမင်းစားဇွန်း ၂ ဇွန်း
၁၀။ ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၁။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဂျုံမှုန့် ၊ဆား နှင့် ဆော်ဒါ မှုန့် တို့ ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ရောထားသော အမှုန့် ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ ဆမ်းရ်ျ ထည့်ပါ။ မုန့် အချဉ်ပေါက်ရာမှာ အလွန်အသုံးဝင်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့် သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၎။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥ၊ ထန်းလျက်ရည်နှင့် ထောပတ် ၄ ဇွန်းတို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့် အနှစ်ရပါပြီ။
၅။ မုန့်ဖုတ်စက် oven ကို ၃၅၀ 'F (သို့ ) ၁၇၅ 'C မှာ မုန့်အနှစ်မထည့်ခင် ၁၀ မိနစ်လောက် အပူပေးထားပါ။
၆။ မုန့်နှစ်ထည့်မည့်ဘန်းကို ထောပတ် ထမင်းစားဇွန်း ၃ ဇွန်းထည့်ထားပါ။ ပြီးလျှင် မုန့်နှစ်ကိုထည့်ပြီး အပူပေးထားသော မုန့်ဖုတ်စက် oven ထဲမှာ နဂိုအပူချိန်ဖြင့် ၁၅ မိနစ်ထည့်ဖုတ်ပါ။
၇။ ၁၅ မိနစ်ဖုတ်ပြီးလျှင် မုန့်ဖုတ်စက် oven ထဲမှထုတ်ပြီး မုန့်ဘန်းအပေါ်ကို ဘိန်းစေ့၊ အုန်းသီးဖတ်နှင့် မြေပဲတို့ ကိုနှံ့ အောင်ဖြူးပြီး မုန့်ဖုတ်စက် oven ထဲကိုပြန်ထည့်ပြီး နဂိုအပူချိန်မှာ နောက်ထပ် ၁၅ မိနစ်ထပ်ဖုတ်ပါ။
၈။ အအေးခံရ်ျ ကြိုက်နှစ်သက်ရာအရွယ်လှီးပြီးသုံးဆောင်နိုင်ပါပြီ။
Image may contain: food