သာကူငှက်ပျောပေါင်း


သာကူငှက်ပျောပေါင်းလုပ်နည်းမေးထားလို့ ရေးပေးလိုက်တယ်နော်။ ငှက်ပျောပေါင်းအနံ့ မွှေးမွှေးလေးကို သာကူလေးနဲ့ စားရတော့ တော်တော်ကိုအရသာရှိပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဖီးကြမ်းငှက်ပျောသီး - ၁၀ လုံး (ဖီးကြမ်းငှက်ပျောသီးမရှိတဲ့နေရာမှာဆိုရင် သီးမွှေးကိုသုံးလို့ လဲရပါတယ်။ )
၂။ သာကူစေ့ - ၁ ခွက် (သို့ ) ထမင်းစားဇွန်း ၁၆ ဇွန်း
၃။ ထန်းလျက် - ၂၅ ကျပ်သား
၎။ နွားနို့ - ၄၀၀ ml
၅။ အုန်းနို့ - ၂၀၀ ml
၆။ ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ)
၇။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
၂။ အိုးတခုထဲတွင် ထန်းလျက် ၁၅ ကျပ်သားကို ထည့်၊ ရေ တလီတာခွဲကိုထည့်ရ်ျ ထန်းလျက်များအရည်ပျော်သည်အထိတည်ပါ။ ထန်းလျက်များအရည်ပျော်လျှင် ရေစစ်ဖြင့် အမှိုက်များကိုစစ်ပါ။
၃။ စစ်ထားသော ထန်းလျက်ရည်ကိုပွက်အောင်တည်ပါ။ ပွက်လာလျှင် ရေစစ်ထားသော သာကူများကိုထည့်ရ်ျ အဆက်မပျက်မွှေပါ။ သာကူစေ့အစံများပျောက်သွားလျှင် မီးဖိုပေါ်မှချပါ။
၎။ အခြားအိုးတခုထဲကို ငှက်ပျောသီးများအခွံခွာထည့်၊ ရေကို ငှက်ပျောသီးမြုပ်အောင်ထည့်ပြီး ပွက်အောင်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်လောက်တည်ပြီး မီးဖိုပေါ်မှချပါ။ ထို့ နောက်အရည်များကိုသွန်ပစ်လိုက်ပါ။ (တချို့ နည်းတွေက ငှက်ပျောသီးကိုအခွံမခွာပဲမန်ကျည်းရွက်တို့ ကင်ပွန်းချဉ်ရွက်တို့ ထည့်ပြီးပြုတ်ပါတယ်။) ပြုတ်ထားသော ငှက်ပျောသီးများကို ပန်းကန်တခုထဲထည့်ထားပါ။
၅။ အိုးထဲကို ရေ ၁လီတာခွဲထည့်၊ ထန်းလျက် ၁၀ သားထည့်ပြီး ထန်းလျက်များအရည်ပျော်သည်အထိတည်ပါ။ ထန်းလျက်များအရည်ပျော်လျှင် ရေစစ်ဖြင့် အမှိုက်များကိုစစ်ပါ။
၆။ စစ်ထားသော ထန်းလျက်ရည်ထဲကို ငှက်ပျောသီးများထည့်ပြုတ်ပါ။ အရည်ခမ်းနီးကျမှ နွားနို့ နှင့် အုန်းနို့ ကိုထည့်ရ်ျ ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ထောပတ်ကိုထည့်ပြီးမီးဖိုပေါ်မှချ၊ ကျိုထားသော သာကူများကိုထည့်မွှေပါ။
၇။ အလွန်စားလို့ ကောင်းတဲ့ သာကူငှက်ပျောပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။
Image may contain: food