ရွှေဖယုံသီး ဆနွင်းမကင်း


ရွှေဖယုံသီး ဆနွင်းမကင်းလေးကတော့ လူတိုင်းကြိုက်မယ့် ဆနွင်းမကင်းပါပဲ။ အနံ့ အရမ်းမွှေးပြီး စားလို့ ကောင်းတဲ့ ဆနွင်းမကင်းတမျိုးပါ။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ရွှေဖယုံသီး - ၁ လုံး ( အလေးချိန် ၅၀ သား (သို့ ) ၁ ကီလို (သို့ ) ၂ ပေါင် ခန့် ရှိသော)
၂။ သကြား - ၁ ခွက်ခွဲ = ထမင်းစားဇွန်း ၂၄ ဇွန်း
၃။ ရွှေကြည် - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၎။ ဂျုံ - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၅။ ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၆။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ အုန်းသီးခြစ်ဖတ် - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၈။ နို့ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း
၉။ အုန်းနို့ - ၄၀၀ ml
၁၀။ ဘိန်းစေ့ - အနည်းငယ်
( ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon= 15 ml ) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ရွှေဖယုံသီးကို အခွံခွာ၊ အူတိုင်၊ အစေ့ထုပ်၊ ခပ်ကြီးကြီး အတုံးတုံးပြီးနူးအိသွားသည်အထိ ပေါင်းပါ။ (သို့ ) ရေခမ်းပြုတ်ပါ။
၂။ နူးအိသွားသော ရွှေဖယုံသီးများကို ဇကာတိုက်ပါ။ (သို့ ) လက်ဖြင့်ခြေပါ။
၃။ ဇလုံကြီးကြီး ထဲကို ခြေထားသော ရွှေဖယုံသီးများကိုထည့်၊ သကြား၊ရွှေကြည်၊ ဂျုံ၊ထောပတ်၊ ဆား၊ အုန်းသီးခြစ်ဖတ်၊ နို့ ဆီ၊ အုန်းနို့ တို့ ကိုထည့်ရ်ျ သကြားများအရည်ပျော်သည်အထိ သမအောင်ပြုလုပ်ပါ။
၎။ မုန့်ဖုတ်စက်ကို အပူချိန် ၃၅၀'F (180'C) မှာကြိုရ်ျအပူပေးထားပါ။
၅။ ထောပတ်သုတ်ထားသော ဘန်းထဲကို သမအောင်လုပ်ထားသော မုန့် အနှစ်များကိုထည့်ပြီး ၃၅၀"F (၁၈၀'C) အပူပေးထားသော မုန့် ဖုတ်စက် ထဲကိုထည့်ရ်ျ မိနစ် ၅၀ ဖုတ်ပါ။
၆။ မိနစ် ၅၀ ပြည့်လျှင် အပူချိန် 450'F (230'C) အပေါ်မီးဖြင့် ၁၀ မိနစ်ခန့် ဖုတ်ပါ။
၇။ ရွှေဖယုံသီးဆနွင်းမကင်းကို အအေးခံရ်ျ ကြိုက်နှစ်သက်ရာ အရွယ်လှီးပြီး သုံးဆောင်နို်င်ပါပြီ။
Image may contain: food