မုန့် ကြာစေ့ သာကူကျို


မုန့် ကြာစေ့ သာကူကျိုလေးကတော့ လူကြိုက်များပြီးစားလို့ ကောင်းတဲ့အချိုပွဲလေးပါ။ တချို့ လုပ်နည်းကတော့ သာကူကိုသပ်သပ်ကျိုပြီးမှ ရောပါတယ်။ အိစံကတော့ အချိုတွေဝင်အောင်လို့ သာကူကိုထန်းလျက်ရည်ထဲတခါတည်းထည့်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း ၁၆ ဇွန်း (သို့ ) ၁ ခွက်
၂။ ဆန်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၎။ သာကူစေ့ - ထမင်းစားဇွန်း ၁၆ ဇွန်း (သို့ ) ၁ ခွက်
၅။ ထန်းလျက် - ၂၀ သား (သို့ ) ၂၅ ကျပ်သား
၆။ ရေ - ၂ လီတာ
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ အိုးကြီးကြီးတခုထဲမှာ ရေ ၂ လီတာ နှင့် ထန်းလျက်၊ ဆားလက်ဖက်ရည်ဇွန်း လေးပုံတပုံ တို့ ကိုထည့်ရ်ျ ထန်းလျက်များ ပျော်သွားသည်အထိတည်ပါ။ ထန်းလျက်အရည်ပျော်သွားလျှင်ရေစစ်ဖြင့်အမှိုက်များကိုစစ်ထားပါ။
၂။ ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆားလက်ဖက်ရည်ဇွန်းလေးပုံတပုံ၊ ရေ ထမင်းစားဇွန်း ၉ ဇွန်း (သို့ ) ၁၀ ဇွန်း တို့ ကိုထည့်ရ်ျ သမအောင်နယ်ပါ။ ထို့ နောက် အလုံးသေးသေးလေးတွေလုံးထားပါ။
၃။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
၎။ အမှိုက်စစ်ထားသော ထန်းလျက်ရည်ကို ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် လုံးထားသော မုန့် ကြာစေ့အလုံးများကိုထည့်ပါ။ အလုံးလေးများရေပေါ်ပေါ်လာလျှင် နာရီဝက်ခန့် ဆက်တည်ပါ။
၅။ ထို့ နောက် မုန့် ကြာစေ့များကို ဇလုံတခုထဲကိုခပ်ထုတ်လိုက်ပါ။ အကုန်လုံးထုတ်စရာမလိုပါ။ အနည်းအကျည်းကျန်နေလျှင် ထားထားလို့ ရပါတယ်။ ရေဆေးထားသော သာကူများကိုထည့်ပြီးအဆက်မပျက်မွှေပါ။ သာကူများကြည်လာပြီး တချို့ သာကူများတွင် အလယ်အစံ သေးသေးလေးကျန်လျှင် ခပ်ထုတ်ထားသော မုန့် ကြာစေ့များကိုပြန်ထည့်ရ်ျ သမအောင်မွှေပြီး မီးဖိုပေါ်မှချပါ။
၆။ မုန့် ကြာစေ့ သာကူကျိုကို စားခါနီးလျှင် အုန်းနို့ လေးဆမ်း၊ အုန်းသီးဖတ်လေးဖြူးရ်ျသုံးဆောင်နိုင်ပါပြီရှင်။
Image may contain: food