ကော်ဖီကူဖီးလ်သာကူပြင် (၉ လက်မပတ်လည်ဘန်းတခုစာအတွက်)
ကော်ဖီကြိုက်သူများအတွက်ကော
ပါဝင်သောပစ္စည်းများ
၁။ သာကူစေ့ - ၁ ခွက်
၂။ သကြား - ၁ ခွက်
၃။ Premier Americano coffee မှုန့် -၂ ထုပ် (၁ ခွက်ဖျော်စာအထုပ်)
၎။ ရေ - ၂ ခွက် ခွဲ
၅။ နို့ ဆီ - ၁ ဗူး
၆။ နို့ စိမ်း - ၁ ဗူး ခွဲ
၇။ ဂျုံမှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
၈။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 15 ml = 1 tablespoon) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ သာကူစေ့ကို ရေဆေးပြီးေ၇ပြန်စစ်ထားပါ။
၂။ အိုးအကြီးတခုထဲတွင် ရေ၊ ကော်ဖီမှုန့်၊ ဆား ၊ သကြားတို့ ကို ပွက်လာသည်အထိ တည်ပါ။
၃။ ပွက်လာလျှင် မီးဖိုကို medium heat မှာထားရ်ျ သာကူစေ့များထည့်အဆက်မပျက် မွှေပါ။
၎။ ၁၅ မိနစ် (သို့) မိနစ် ၂၀ အဖြူစံ သေးသေးလေးကျန်သော အချိန်တွင် မီးဖိုပေါ်မှ ချရ်ျ ဆီသုတ်ထားသော ဗန်းထဲထည့်ရ်ျ အအေးခံပါ။
၅။ သာကူ အအေးခံထားချိန်တွင် အိုးကြီးကြီးတအိုးထဲတွင် နို့ စိမ်း ၊ နို့ ဆီ၊ ဂျုံမှုန့် တို့ ကိုထည့်ရ်ျ ဂျုံမှုန့် သမသွားသည်အထိ ခလောက်ပါ။ ( နို့ စိမ်းများဝေကျတတ်သောကြောင့
၆။ ပြီးလျှင် မီးအေးအေး တွင် တည်ပါ။ အဆက်မပျက် မွှေပေးပါ။ မိနစ် ၂၀ လောက်မွှေပြီးလျှင် နို့ ဆီလို အပစ်အနေအထား ရလျင် မီးဖိုပေါ်မှ ချရ်ျ အအေးခံထားသော သာကူပေါ်သို့ ညီညီညာညာ ဖြန့် ထည့်ပါ။
ရ။ oven ကို အပူချိန် အမြင့်ဆုံးမှာ ၃ မိနစ်ခန့် ဘာမှ မထည့်ပဲ အပူပေးထားပါ။
၈။ ထို့ နောက် အမြင့်ဆုံးအပူချိန် ထားထားသော oven ထဲတွင် ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ထည့် ဖုတ်ပါ။ (အပေါ်ယံ အလွှာ နည်းနည်းညို လာလျှင် ရပါပြီ။)
၉။ လုံးဝအေးသွားမှ ကော်ဖီကူဖီးလ်သာကူပြင်ကို ကြိုက်နှစ်သက်သလို လှီးရ်ျ သုံးဆောင်နိုင်ပါပြီ။
#PremierCoffee
