ကန်စွန်းဥအုန်းလုံးကြော်
အိစံတို့ ငယ်ငယ်တုန်းက လည်ရောင်းတဲ့ အသယ်ဆီက စားခဲ့ဖူးတဲ့ ကန်စွန်းဥအုန်းလုံးကြော်ေ
ပါဝင်သောပစ္စည်းများ ( ၁၅ လုံးစာ)
၁။ ကန်စွန်းဥ - ၄၀ သား (သို့ ) ၁ ပေါင်ခွဲ
၂။ ဆန်မှုန့် - ထမင်စားဇွန်း ၁၆ ဇွန်း (သို့ ) ၁ ခွက်
၃။ ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း ၈ ဇွန်း (သို့ ) ခွက်တဝက်
၎။ သကြား - ထမင်းစားဇွန်း ၉ ဇွန်း
၅။ အုန်းသီးခြစ်ဖတ် - ထမင်းစားဇွန်း ၁၆ ဇွန်း (သို့ ) ၁ ခွက်
၆။ baking soda - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၇။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၈။ ရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့ ) ခွက်တဝက်
၉။ ကြော်ရန်ဆီ
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)
ပြုလုပ်နည်း
၁။ ကန်စွန်းဥ ကိုနူးအိနေအောင်ပြုတ်ထားပါ
၂။ ကန်စွန်းဥ ပြုတ်နေတုံးမှာ အုန်းယိုလေးလုပ်ထားရအောင
၃။ ပြုတ်ထားသော ကန်စွန်းဥများကို ဇကာတိုက်ရ်ျ အနှစ်များရအောင်လုပ်ပါ။ ထို့ နောက် ဇလုံထဲကို ဇကာတိုက်ထားသော ကန်စွန်းဥ၊ ဆန်မှုန့် ၊ ကောက်ညှင်းမှုန့် ၊ သကြား ထမင်းစားဇွန်း ၄ ဇွန်း၊ ဆား၊ baking soda တို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။
၎။ ပန်းကန်ပြားတခုကို ဆီစွတ်ထားပါ။ လက်ကိုလဲ ဆီစွတ်ပါ။ ပြီးလျှင် ကန်စွန်းဥအနှစ်များကိုယူရျ
၅။ ထို့ နောက် ဆီပူပူထဲမှာ ကန်စွန်းဥများထည့်ကြော်ပါ။ ရွှေဝါရောင် သန်းလာလျှင် ဆီအိုးထဲမှဆယ်ရ်ျ အအေးခံပြီး သုံးဆောင်နိုင်ပါပြီရှင်။
