ခေါပြင် စိမ့်စိမ့်လေး

ဒီနေ့မနက်စောစော ကော်ဖီနဲ့သောက်ချင်တာနဲ့ ခေါပြင်မုန့်လေး လုပ်ဖြစ်သွားပါတယ် အချိုမစားဘဲ အစိမ့် နှစ်သက်သူတွေ အကြိုက်တွေ့မဲ့ မြန်မာမုန့်ပဲသရည်စာ တမျိုးပါ။ ခေါပြင်လို့ ပြောလိုက်ရင် မာမာတို့ငယ်ငယ်က မြောင်းတကာ ဈေးထဲမှာ တနေ့တခါမှ မစားရရင် ဈေးသွားရတာ မတန်တဲ့ မုန့်မျိုး တခု ၁၅ပြားပေးရတယ် ကလေးဆိုတော့ ၁၅ပြားဖိုးဝယ်ပြီး ဘေးအနားသားလေးတွေ အဆစ်တောင်းသေးတာ အဲဒီကြီးကြီးကလဲ သဘောကောင်းတာမှ အရမ်း ကိုယ့်တွေ့တာနဲ့ ဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲမှာ ဝယ်တာ ၁၅ပြားဖိုးကို ဘေးအနားသား ညှပ်ထားတာက လက်တဆုတ်ကြီး ထည့်ပေးထားပြီးသားဘဲ တခါတလေ စကားရောဖောသောနဲ့ ကပ်ကြေးနဲ့ ညှပ်လိုက်လို့ ပဲ့ကြသွားတဲ့ အုန်းသီးဖတ်လေးတွေကို မြည်းမယ်နော်ဆိုပြီး မုန့်ရောင်းတဲ့ ကြီးကြီး ပေးပေးမပေးပေး ဆတ်ခနဲ ယူစားလိုက်တာက ပါသေးတာ အဲဒီမုန့်မျိုးက ငယ်ငယ်ကသာ စားခဲ့ရပြီး အခုနောက်ပိုင်း မစားရတာ ကြာခဲ့ပြီ ဒီနေ့တော့ ကိုယ့်ဘာသာကို လုပ်စားရင်း သာယာပါတယ်လေ ခေါပြင်မှ ခေါပြင်အစစ်ပါ မယုံရင် လုပ်နည်းလေး မျှဝေပေးလိုက်ပေးမယ် လုပ်စားကြည့်နော် 😁 ��။ ပါဝင်ပစ္စည်းများ ကောက်ညှင်းမုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ ဆီ - အနည်းငယ် ...