သာကူ မုန့်လုံးကြီး



ဒီနေ့တော့ သာကူမုန့်ဖက်ထုတ် စားချင်တာနဲ့ ငှက်ပျောရွက် ရလိုရငှါး ဈေးသွားခဲ့ပေမဲ့ ရွှေထက်ရှားလွန်းတဲ့ ငှက်ပျောရွက်က ရမလာခဲ့ပါဘူး ဒီတော့လဲ ကဲ ဖြစ်ချင်ရာဖြစ်ပေါ့ ကြံဖန်ပြီး လုပ်ကြည့်အုံးမယ်ဆိုပြီး လုပ်ကြည့်လိုက်တာ အဆင်ပြေတာမှာ ၁၀၀% အလွန်ပါဘဲ။

နောက်ဆို ငှက်ပျောရွက်မရလဲ မုန့်ဖက်ထုတ်လေး စားချင်လာပြီဆိုရင် အလွယ်တကူ လုပ်စားလို့ရပြီမို့ မာမာလုပ်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ် မုန့်ဖက်ထုတ်လို့ အရသာတူလို့ခေါ်လိုက်ပေမဲ့ တကယ်တမ်းကျတော့ ဖက်နဲ့ပါတ်သက်တာ တခုမှမပါလို့ သာကူမုန့်လုံးကြီးလို့ဘဲ အလွယ်ပြောလိုက်ပါရစေ။

သာကူမုန့်လုံးကြီး ၁၀ခုစာအတွက် ပါဝင်ပစ္စည်းများ

သာကူစေ့ - 250 g

သကြား - 50 g

အုန်းသီးမှုန့်အခြောက် - 200 g

ရေ ထမင်းစားဇွန်း - ၃ဇွန်း

ဆီ - ထမင်းစားဇွန်း တ၀က်

သာကူပေါင်းရန် ပန်းကန်လုံးလေးများ

ပေါင်းအိုးတစ်လုံး

ပြင်ဆင်ပုံ

သာကူစေ့ကို ဇလုံထဲထည့်ပြီး ရေ၂ကြိမ် လှုပ်ပြီးဆေးကာ ရေစစ်ပြီး နာရီဝက်လောက် နှပ်ထားပါ

အိုးတလုံးထဲကို ရေထည့်ပြီး သကြားကို ထမင်းစားဇွန်း တဇွန်းချန်ပြီးထည့်ကာ ၂မိနစ်လောက် မွှေပေးပါ

ပြီးတာနဲ့ အုန်းသီးမှုန့်ကို ထည့်ပြီး ၄မိနစ်လောက် မွှေပေးပါ

အုန်းသီးအရောင် နည်းနည်းတက်လာတာနဲ့ မီးပိတ်ပြီး အအေးခံထားပါ

အုန်းသီးအေးတာနဲ့ ကွမ်းသီးဆံအလုံးလောက် အလုံး၁၀လုံးရအောင် လုံးထားပါ

အခုလုပ်တဲ့ အုန်းသီးအခြောက်မှုန့်က အချိုအရသာ ပါပြီးသားမို့ အုန်းသီးအစိုမှုန့်နဲ့ လုပ်မယ်ဆိုရင် သကြားနည်းနည်း ပိုထည့်ပေးပါ

သာကူစေ့ နှပ်ထားတာ နပ်တာနဲ့ သာကူစေ့ထဲ သကြား ထမင်းစားဇွန်း တဇွန်းထည့်ကာ နယ်ပေးပါ 

နယ်ပြီးတာနဲ့ လက်ငါးချောင်းထိပ်ဖျား ပါသလောက် လက်တညှစ်စာယူကာ ၁၀လုံးရအောင် လုံးထားပါ

အားလုံးအဆင်သင့်ဖြစ်တာနဲ့ သာကူတလုံးခြင်းယူကာ လက်ဝါးတဖက်ပေါ်တင်ပြီး ကျန်လက်တဖက်ရဲ့ လက်လေးချောင်းနှင့် မုန့်လုံးကို ထိမ်းကာ လက်မနှင့် အလယ်ကိုဖိပြီး အလယ်မှာ ခွက်ကလေးရအောင်လုပ်ပေးပါ

ခွက်ပုံစံလေး ရတာနဲ့အုန်းသီးဌါပနာကို ထည့်ပေးကာ သာကူဖတ်လေးများကို လက်မနှင့် လက်ညှိုးတို့က ထိမ်းပြီး အသာအယာ တွန်းကာ အုပ်ပေးပါ

ဆယ်လုံးစလုံး အစာသွပ်ပြီးပါက ပေါင်းရန်ပြင်ပေးပါ

ပေါင်းအိုးအောက်ခံအိုးကို ရေတ၀က်သာသာ ထည့်ပြီးဆူအောင် တည်ထားပါ

ပေါင်းမည့်ပန်းကန်လုံးများကို ဆီသုပ်ပေးပြီး သာကူလုံး တလုံးစီထည့်ပေးပါ

ပေါင်းအိုးအောက်ခံ ရေအိုးဆူလာတာနဲ့ သာကူလုံး ထည့်ထားသော ပန်းကန်များကို ပေါင်းဇကာထဲ စီပြီးထည့်ကာ အဖုံးအုပ်ပြီး ပေါင်းပေးပါ

၁၅မိနစ်လောက် ပေါင်းပြီးပါက သာကူသား ကြည်လာပြီဆိုရင် သာဂူမုန့်လုံးကြီလေးများး ရပါပြီ

ပူနေတုန်းလေး စားပါက ပိုကောင်းပါတယ် အေးသွားမှ စားရင်တော့ သာကူက ပေါင်းထားတဲ့အတွက် မာသွားတတ်ပါတယ် ။