သာကူပြင် အုန်းနို့ဆမ်း
သင်္ကြန်ချိန်ခါ လုပ်စားဖြစ်တဲ့ သာကူအုန်းနို့ဆမ်းပါ လုပ်နည်းလေးက လွယ်ပါတယ် ဒါပေမဲ့ ရေးထားတဲ့ အချိုးအစားအတိုင်း လုပ်ဖို့ကတော့ မိမိအသုံးပြုတဲ့ သာကူစေ့အပေါ်မှာ မူတည်ပါတယ် ရေအတိုးအလျော့လေး ချင့်ချိန်ပြီး လုပ်စေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
သာကူ - 300 ml
ရေ - 800 ml
Food color - အစိမ်းရောင် နှစ်စက်ခန့်
Food color - ပန်းရောင် နှစ်စက်ခန့်
အုန်းနို့ - 200 ml
ရေသန့်- 600 ml (အုန်းနို့နှင့် ရောကျိုရန်)
သကြား - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ရေနွေး - တလီတာလောက် ကျိုထားပါ (သာကူပြင်လုပ်ရန်)
ရိုးရိုးရေ - လိုသလောက်
ဇောက်နက်သော အိုး - နှစ်လုံး
ရေခဲ - နှစ်သက်သလောက်
ပြင်ဆင်ပုံ
သာကူကို ရေတထပ်ဆေးပြီး ရေစစ်ထားပါ
သာကူကျိုပြီးထည့်ရန် ပန်းကန်တလုံးကို အဆင်သင့် ပြင်ထားပါ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူးကို ဆူအောင်တည်လိုက်ပါ
ရေဆူတာနဲ့သာကူစေ့ကို ထည့်ကျိုပါ
လေးမိနစ် ၅မိနစ်လောက် ကျိုပြီးတာနဲ့သာကူစေ့ မျက်စေ့အရမ်းမပျောက်ခင် သာကူကို သုံးပုံမှန်းပြီးပုံပါ
တပုံစာကို နောက်ထပ်အိုးတလုံးထဲ ခပ်မြန်မြန်ပြောင်းထည့်ပြီး
အရမ်းပျစ်ပြီး ခဲနေလျှင် အသင့်ကျိုထားသော ရေနွေးအနည်းငယ်ကို ထည့်မွှေပေးပါ
သာကူစေ့များ ပျစ်လာပြီ ဆိုတာနဲ့ အသင့်ပြင်ထားသော ပန်းကန်ထဲ လောင်းထည့်ပေးပါ
နောက်တပုံကိုလဲ အသင့်ပြင်ထားသော food color အစိမ်းရောင်ထည့်ပြီး ကျိုပေးကာ ပူနေတုန်း ပန်းရောင် သာကူစေ့အပေါ် မြန်မြန်လောင်းပြီး ဖြန့်ပေးပါ
အေးသွားရင် ဖြန့်ရခက်ပါတယ်
နောက်ထပ် သာကူအဖြူရောင် တလွှာကိုတော့ ဘာအရောင်မှ မထည့်ဘဲ ရေနွေးအနည်းငယ်ထည့်ပြီးကျို
အနည်းဆုံး ၅နာရီလောက် အအေးခံပြီး သာကူပြင် ရလာမှ လိုသလိုပုံစံ လှီးပေးပါ
အုန်းနို့ဖျော်ရန်
အိုးတလုံးထဲမှာ အုန်းနို့ ရေ သကြား ဆားတို့ကို သကြားပျော်အောင် ဖျော်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံထားပါ
မုန့်ပွဲပြင်ရန်
သာကူပြင်ကို နှစ်သက်သည့် ပုံစံလှီးပြီး ပန်းကန်တခုထဲမှာ ထည့်ပေးပြီး ပြင်ပါ
ပြင်ထားသော သာကူပြင်ပန်းကန်ထဲ အုန်းနို့ကိုဆမ်းပြီး ရေခဲထည့်ကာ ပြင်ပေးနိုင်ပါပြီ
မှတ်ချက် ။ ။ မိမိအသုံးပြုသော သာကူစေ့အပေါ် မူတည်ပြီး ရေအတိုးအလျော့ လုပ်ပေးပါ