မုန့်ကုလားမည်း (ဒိုလ်ဒိုလ်)
အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းနေတော့ ဈေးလဲမသွားနိုင် အိမ်မှာရှိတာတွေဘဲ ထုတ်ချက်လိုက် စားလိုက်လုပ်နေတာ ၂ပါတ်လောက် ရှိသွားခဲ့ပြီ ဒီနေ့တော့ ကောက်ညှင်းငချိတ်ကို အမှုန့်ကြိတ်ပြီး ဒိုလ်ဒိုလ်လို့ခေါ်တဲ့ မုန့်ကုလားမည်း လုပ်စားဖြစ်လို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကောက်ညင်းငချိတ်မှုန့် - ၂ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
အုန်းနို့. - 400 ml
သကြား - 250g
ဂီးထောပတ် - 150g
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပြုလုပ်ပုံ
ကောက်ညင်းငချိတ်ကို ကော်ဖီကြိတ်စက်ထဲထည့်ပြီး ကျေမှုန့်သွားသည်အထိ ကြိတ်ပေးပါ
အားလုံးကြိတ်ပြီးတာနဲ့ ဇကာစိတ်စိတ်လေးနှင့် စစ်ပေးပါ
ဇကာစစ်ထားသော ကောက်ညှင်းမှုန့် ဆား သကြားနှင့်အုန်းနို့တို့ကို
အားလုံးသမသွားပါက မိုက်ကရိုဝေ့ ပန်းကန်တွင်ထည့်ပေးပါ
မိုက်ကရိုဝေ့ မီးဖိုထဲမှာ အရင်ဆုံး ၅မိနစ်ထည့်ပါ
ပြီးတာနဲ့ အပြင်ကိုထုတ်ပြီး သမအောင်မွှေပါ
မွှေပြီးတာနဲ့ နောက်ထပ် ၅မိနစ် ထပ်ထည့်ပေးပါ
ပြီးတာနဲ့ အပြင်ထုတ်ပြီးမွှေကာ ထောပတ်ထည့်ပြီးမွှေကာ နောက်ထပ် ၄မိနစ်ထည့်ကာ မုန့်သားရေခမ်းတဲ့အထိ တည်ပေးပြီး ဗူးတခုထဲ ပြောင်းထည့်ပေးပါ
မုန့်သားအေးအောင် အအေးခံပေးပြီး ရေခဲသေတ္တာထဲမှာ တရက်လောက် အအေးခံပြီးမှာ လှီးပေးပါ
နူးညံ့ပြီး မွှေးပျံ့နေတဲ့ ဒိုလ်ဒိုလ် (မုန့်ကုလားမည်း)မုန့်လေးကိ