Rainbow Rice Ball
သင်္ကြန်နား နီးလာတော့ သင်္ကြန်မြန်မာ မုန့်လေးတွေ လုပ်စားချင်ကြမှာပါ တခါတလေ ရိုးရိုးလေးထဲက ဖောက်ထွက်ပြီး နည်းနည်းလေး ဆန်းသစ်ကြည့်တော့လဲ ကလေးလူကြီး နှစ်သက်စွဲလန်းစေမဲ့ မုန့်လေး ဖြစ်စေခဲ့ပါတယ် လုပ်နည်းလေးကတော့ မုန့်ကြာစေ့ လုပ်နည်းအတိုင်းပါဘဲ မုန့်သားကို ကိုယ်ကြိုက်နှစ်ရာ food colour လေးတွေ ထည့်ပြီး နယ်ပေးထားတဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူးနှင့် လက်တလုံးသာသာ
Food colour - ၇ရောင်
အုန်းနို့ ready made - တဗူး
သကြား ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
မုန့်နှစ်နယ်ပြီး မုန့်သားလုံးရန်
ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်ကိုထဲ့ပြီး
ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ
နာရီဝက်လောက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ ၇ပုံလုံးပေးပါ
Food colour တရောင်ခြင်းစီကို တစက်လောက်စီ ပြင်ထားပါ
လုံးထားသော မုန့်လုံးလေးတွေကို food colour တလုံးတရောင်နှင့် ရောနယ်ပေးပါ
အရောင်နယ်ပြီးတာနဲ့ ကောက်ညှင်းမှုန့်ဖြူးထားသော
မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတလုံးကို အဆင်သင့် ပြင်ထားပေးပါ
အားလုံးပြီးတာနဲ့ အိုးတလုံးထဲ ရေများများထဲ့ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးများကို တရောင်ခြင်းစီ တလုံးချင်း ရေနွေးအိုးထဲကို ထဲ့ပေးပါ
မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို ဆယ်ပေးပါ
ဆယ်ပြီးတာနဲ့အဆင်သင့်ပြင်ထာ
အားလုံးပြီးတာနဲ့ရေအေးစိမ်ထ
အုန်းနို့အရသာစပ်ရန်
Ready made အုန်းနို့ဗူးကိုဖောက်ပြီး ပန်းကန်လုံးတခုထဲမှာ သကြားနှင့် ရောမွှေပေးထားပါ
မုန့်ပွဲပြင်ရန်
ရေစစ်ထားသော မုန့်ကြာစေ့ရောင်စုံ အလုံးလေးများကို ပန်းကန်တလုံးထည့်ပြီး အုန်းနို့ရည်လောင်းချပြီး စိမ်ထားပေးပါ
တပွဲစာအတွက် ပန်းကန်ထဲကို မုန့်ကြာစေ့နှင့် အုန်းနို့ရည်တို့ကို အနေတော်ထည့်ပြီး စားသုံးနိုင်ပါပြီ
အေးအေးလေး စားချင်ရင်တော့ ရေခဲတုံးလေးများထည့်ပြီး ပြင်ပေးပါ။