ထိုးမုန့် စိမ့်စိမ့်လေး
ထိုးမုန့်လုပ်နည်းလေး တင်ပေးမယ်ဆိုပြီး ပုံလေးတွေ တင်ထားပြီးကာမှ မာမာ့blog လေးကို စိတ်ထားမကောင်းသူ လူတစုက ဖျက်လိုဖျက်ဆီး လုပ်တာကြောင့် မုန့်လုပ်နည်းလေး တင်ဖို့ကို နှောင့်နှေးခဲ့ရပါတယ် ဒီနေ့တော့ အဆင်ပြေသွားပြီမို့ မာမာလုပ်တဲ့ ထိုးမုန့်လုပ်နည်းလေး ဘလော့မှာ ပြန်တင်ချင်တာနဲ့ ပြန်တင်ပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းမှုန့် - 200g
သကြားဖြူ - 50g
ဆီ - 50g
ထောပတ် - 200g
ဘိန်းစေ့ - လက်ဖက်ရည်ဇွန်း တ၀က်
မြေပဲလှော် - အစေ့ ၂၀ခန့်
အုန်းနို့ - 200ml
ရေ - 50ml
အုန်းသီးမှုန့် - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး (အုန်းသီးမှုန့်ကြော်ရန်)
ပြုလုပ်ပုံ
အရင်ဆုံး ရေနှင့်အုန်းနို့ကို ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
ပူလာတာနဲ့ကောက်ညှင်းမှုန့်က
နောက်ထပ်အိုးတလုံးနှင့် ဆီနှင့် ထောပတ်ကို အပူပေးပြီး ထောပတ်ပျော်အောင် မွှေပေးပါ
ထောပတ်ပျော်လာတာနဲ့ ကောက်ညှင်းအိုးထဲထည့်ပြီး မွှေပေးပါ
မွှေနေစဉ် အဆက်မပြတ်မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
လက်အားသန်သန်နှင့် ၁၀မိနစ်လောက်မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့နှင့် မြေပဲကို ထည့်မွှေပေးပါ
မုန့်သားလဲကြည်ပြီး ဘိန်းစေ့နှင့် မြေပဲလဲ သမသွားတာနဲ့ ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
မုန့်ဗန်းတခုထဲပြောင်းထည့်က
နှစ်ရက် သုံးရက် ကြာရင်တော့ ကောက်ညှင်းတို့ ထုံးစံအတိုင်း မာသွားတတ်တဲ့အတွက် မိုက်ခရိုဝေ့ထဲမှာ ၃မိနစ်လောက် အပူပေးပြီးမှ စားသုံးပါ။
အုန်းသီးကြော်ပုံ
ဆီကို အပူပေးလိုက်ပါ ဆီပူလာတာနဲ့ အုန်းသီးဖတ်များကို ထည့်ကြော်ပေးပါ
အုန်းသီးဖတ်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဆီစစ်ပြီး အေးသွားတာနဲ့ အအေးခံထားသော ထိုးမုန့်အပေါ်မှာ ဖြူးပြီးစားသုံးနိုင်ပါပြီ။