အောင်ဗလကြော်



သင်္ကြန်တွင်း ဘာလေးလုပ်စားရင်ကောင်းမလဲ စဉ်းစားနေတုန်း စိတ်ထဲပေါ်လာတာက မုန့်လုံးရေပေါ်လဲမဟုတ် အောင်ဗလကြော်လေးတွေ ဖြစ်နေလေတော့ ကုလားပဲတထုတ် ကရောသောပါးပြုပ်ကာ လိုသလောက်ယူကာ ပိုတာကိုတော့ နောက်နေ့ ပဲဟင်းချိုချက်သောက်ဖို့ ဖယ်ထားလိုက်ကာ ကြော်ဖြစ်ခဲ့တဲ့ အောင်ဗလကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး

ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

နူးအိနေအောင် ပြုပ်ထားသော ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး

ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး (ခန့်မှန်းချေ)

ဆီ - လိုသလောက်

သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲ

ပြင်ဆင်ပုံ

ကုလားပဲခြမ်းကို နူးနေအောင် ပြုပ်ပေးပြီး အအေးခံထားပါ

ကုလားပဲ အေးတာနဲ့ ဇလုံခပ်ကျယ်ကျယ် တလုံးထဲမှာ ဆီ သကြားနှင့် ရေမှလွဲပြီး ပါဝင်ပစ္စည်းများ အားလုံးထည့်ပေးပါ

ရေကို နည်းနည်းချင်း မုန့်သားပျော့လာတဲ့အထိထည့်ပြီး နယ်ပေးပါ

အုန်းသီးခြစ်ပြီးသား အစိုကိုသုံးပါက မုန့်သားစပ်ရာတွင် ရေကိုထည့်သင့်မှ ထည့်ပေးပါ

ကုလားပဲပြုပ်နှင့် အုန်းသီးတို့မှာ အရည်ပါဝင်တဲ့အတွက် အရမ်းမပျော့စေရန် သတိထားပါ

မာမာက အုန်းသီးမှုန့် အခြောက်နဲ့ လုပ်တဲ့အတွက် ရေအနည်းငယ် ထည့်သုံးပါတယ်
မုန့်သားအနေတော်ဖြစ်ပါက မုန့်ကြော်ရာတွင် ဆီမပေါက်စေရန် အနည်းဆုံး နှစ်နာရီလောက် နှပ်ထားပေးပါ

မုန့်သားနှပ်ထားတုန်း သကြား ထမင်းပေါ
င်းအိုး ဆန်ချင်ဗူး တဗူးခွဲကို ရေ တမင်းပေါ
င်းအိုး ဆန်ချင်ဗူး ၃ဗူးထည့်ပြီး ခပ်ပြစ်ပြစ် အနေအထားရအောင် ကျိုထားပေးပါ

မုန့်သားနှပ်ထားချိန် လုံလောက်ပါက မုန့်သားကို လောက်စာလုံး သာသာလောက် အလုံးလေးတွေလုံးပေးပါ

ဆီကိုပူအောင်တည်ပြီးမှ မုန်းသားအလုံးကို လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ဝိုင်းနေအောင် ထပ်လုံးပေးပြီး ဆီအိုးထဲထည့်ပေးပါ

မုန်လုံးလေးများ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ

ဆီစစ်သွားပါက အအေးခံထားသော သကြားရည်ထဲ စိမ်ထားကာ မွှေးပြီးစိမ့်နေတဲ့ အောင်ဗလကြော်ကို စားနိုင်ပါပြီ။