"နွေရာသီမှာ အပူငြိမ်းစေမယ့် မန်ကျည်းရွက်သုပ်"

ချစ်ခင်ရတဲ့ မိတ်ဆွေတို့ရေ နေကအရမ်းပူ ရာသီပြင်းလွန်းလို့ အစားအသောက်တွေ ပျက်နေပြီလား။ အသားငါးဟင်းအနံ့တွေလည်း မခံချင်လောက်အောင် စားမဝင်ဖြစ်နေတဲ့အချိန်မှာ အပူလည်းငြိမ်း၊ အမြင်မှာလည်း စိမ်းစိမ်းစိုစိုလေးနဲ့ မန်ကျည်းရွက်နုလေးတွေကို သုပ်စားကြရအောင်။ မန်ကျည်းရွက်သုပ်နည်းက တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို ဒေသအလိုက် နည်းအမျိုးမျိုးရှိပါတယ်။ ကေဇာ သိထားတဲ့ မန်ကျည်းရွက်သုပ်နည်း သုံးမျိုးကို ရေးသားတင်ပြလိုက်ပါတယ်။ "မန်ကျည်းရွက်သုပ်နည်း_၁" မန်ကျည်းရွက် ငါးရာကျပ်ဖိုးလောက်ဆို အသုပ်တစ်ပန်းစာ ရပါတယ်။ မန်ကျည်းရွက်နုလေးတွေကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ ထုံးစံအတိုင်း ကြက်သွန်ဖြူတစ်ဥကို ဆီချက်ပါ။ ပုဇွန်ခြောက် အနည်းငယ်နဲ့ မြေပဲလှော် လက်တစ်ဆုပ်ကို ထောင်းထားပါ။ ပဲမှုန့်အကျက် အနည်းငယ်လည်း လိုပါမယ်။ ကြက်သွန်နီတစ်ဥနဲ့ ခရမ်းချဉ်သီးတစ်လုံး၊ ငရုတ်သီးစိမ်းငါးတောင့်ကို ပါးပါးလှီးထားပါ။ ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း မန်းကျည်းရွက်သုပ်နည်းပါပဲ။ ရေစစ်ပြီး မန်ကျည်းရွက်ထဲကို ဆား၊ ဟင်းချိုမှုန့်နဲ့ အပေါ်က အဆာပလာတွေထည့်ပြီး ဖွဖွလေးနယ်ပါ။ ပြီးရင် နှမ်းလှော်နဲ့ ကြက်သွန်ဖြူကြော် ဖြူးပါ။ "မန်းကျည်းရွက်သုပ်နည်း_၂"...