ထိုင်း Style ကင်းမွန်ချဉ်ငန်စပ်သုပ်


ကင်းမွန်ကို သံပုရာသီးတစ်လုံးအရည်ညှစ်ပြီး နယ်ပေးပါ။ ပြီးရင် ပြန်ရေဆေးချထားပါ။ ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်၅ရွက်လောက်ထည့် ကင်းမွန်ထည့်ပြီး အသားကျက်ရုံပြုတ်ပြီး ရေစစ်ယူထားပေးပါ။ ထန်းလျက် ပုဇွန်ခြောက် ငရုတ်သီးအနီတောင့်ထောင်းထားပေးပါ။ ရလာတဲ့ အထဲကို ငံပြာရည် သံပုရာရည်လေးညှစ်ထားပေးပါ။ နောက်ဆုံးမှာမှ ရေစစ်ထားတဲ့ ကင်းမွန်ထည့် နံနံပင်လေးအုပ်ပြီး သမအောင်မွှေ။ သခွားသီးလေးတို့ပြီး စားလို့ရပါပြီ။

Credit : Htun Thiri