အုန်းသီး သာကူပြင်
သင်္ကြန်တုန်းက သင်္ကြန်မုန့်လေးတွေ လုပ်စားဖြ၀်ပေမဲ့ မုန့်လုပ်နည်း အကုန်လုံးကို တပြိုင်နက်ထဲ မရေးနိုင်ခဲ့လို့ ဒီနေ့တော့ အုန်းသီး သာကူပြင်မုန့်လုပ်နည်းလေး ရေးမယ်ရေးမယ်နဲ့ အခုမှဘဲ ရေးဖြစ်ပါတော့တယ်။
ပါဝင်ပစ္စည်းများ
သာကူ - ၂ ခွက် (မုန့်လုပ်ရာတွင် သုံးသောခွက်)
ရေ - ၂ ခွက် (မုန့်လုပ်ရာတွင် သုံးသောခွက်)
လိမ္မော်ရည် - တစ်ွခွက် ( လိမ္မော်ရောင်အတွက် သုံးရန်)
ရေ - တခွက် ( ဆွမ်းမွှေးကြိတ်ရည်နှင့် ရောသုံးရန်)
သကြား - တစ်ခွက် (မုန့်လုပ်ရာတွင် သုံးသောခွက်)
ခြစ်ထားသော အုန်းသီးဖတ် - တစ်ခွက် ( မုန့်လုပ်ရာတွင် သုံးသောခွက်)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ဆွမ်းမွှေးရွက် - ၂ရွက်
ဆွမ်းမွှေးရေ - တစ်ခွက် ( မုန့်လုပ်ရာတွင် သုံးသောခွက်)
သာကူကျိုရန် အရည်အရသာစပ်နည်း
ဆွမ်းမွှေးရွက် ၂ရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ပေးပါ
ဘလန်ဒါထဲမှာ ဆွမ်းမွှေးရွက်နှင့် ရေတစ်ခွက်ကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
ဆွမ်းမွှေးရွက် ညက်သွားနေတာနဲ့ ပိတ်စပါးပါးထဲ ထည့်ပြီး ဆွမ်းမွှေးရည်ကို ယူထားပါ
လိမ္မော်ရည်ကိုတော့ ready made ဖျော်ရည်ကို သုံးထားပါတယ်
လိမ္မော်ရည်ကို ရေ ထမင်းစားဇွန်း ၄ဇွန်းလောက်နဲ့ ရောထားပါ
သာကူကျိုနေစဉ် အသုံးပြုသော သာကူများ မတူနိုင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့လုပ်ပြီး ကျိုပေးပါ
ပြင်ဆင်ပုံ
သာကူကို ရေမြန်မြန်ဆေးပြီး ရေစစ်ထားပါ
ရေစိမ်တာ ကြာပါက သာကူများ ကျေကုန်နိုင်ပါတယ်
ရေနှင့်လိမ္မော်ရည်ကို ဖျော်ထားပါ
ရေနှင့် ဆွမ်းမွှေးရွက်ဖျော်ရည်ကို ရောပြီးဖျော်ထားပါ
အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ လိမ္မော်ဖျော်ရည်နှင့် ဆား တို့ကိုထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးပါ
အရည်များ ဆူပွက်လာလျှင် သာကူကို ထည့်ပြီး အဆက်မပြတ် မွှေပေးပါ
၃ မိနစ်လောက် မွှေပေးပြီးမှ သကြားကို နောက်ဆုံးမှ ထည့်ပေးပါ
သကြားထည့်ပေးပြီး သာကူစေ့ရဲ့ အလည်မှ အဖြူရောင် ၀တ်ဆံလေးအနည်းငယ် ကျန်တဲ့အချိန်တွင် မီးဖိုပေါ်မှချပြီး အအေးခံမည့် ဘန်း သို့မဟုတ် ဘူးထဲထည့်ပေးပြီး အအေးခံပေးပါ
သာကူများ အေးသွားပါက ရေခဲသေတ္တာ အောက်ထပ်မှာ တညသိပ် ထားပေးပါ
နောက်နေ့မှာ ပုံပါအတိုင်း သာကူစေ့ အလယ်မှ ၀တ်ဆံဖြူလေးမျာ ပျောက်သွားကာ ဖောင်းဖောင်းအိအိလေးတွေ ဖြစ်လာပါလိမ့်မယ်
အေးသွားသော သာကူများကို ဓါးကိုဆီသုတ်ပြီး အနေတော် အတုံးများ တုံးပေးကာ အုန်းသီးဖတ်များဖြင့် လူးပေးပါ
အုန်းသီးဖတ်များ လူးပြီးပါက ချိုစိမ့်စိမ့် သာဂူပြင်လေးများကို သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ သာကူကျိုရာတွင် အသုံးပြုသော သာကူများ မတူနိုင်တဲ့အတွက် ရေကို လိုတိုးပိုလျှော့ ချင့်ချိန်ပေးရန် သတိထားပေးပါ။