ဝက်စတူး



အိစံအမျိုးသား နဲ့ သားသားတို့ ရဲ့ အကြိုက် ၀က်စတူးပါ။ ၀က်စတူးကောင်းကောင်းလေးစားရအောင် သကြားကို ညိုနေအောင် လုပ်ပြီးမှ လုပ်ထားသော သကြား နံ မွှေးမွှေးလေးနဲ့ စားလို့အလွန်ကောင်းတဲ့ ဟင်းတခွက်ပါ။ ဟင်းအိုးတည်ထားရတဲ့ အချိန်ကြာပေမယ့် စားလို့ ကောင်းတာမို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ သုံးထပ်သားဝက်သား (သို့ ) ဝက်ခြေထောက် - ၄၀ သား (သို့ ) ၁ ပေါင် ခွဲ
၂။ သကြား - ထမင်းစားဇွန်း ၃ ဇွန်း
၃။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၃ ဇွန်း
၎။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တ ၀က်
၅။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ကန်ဇွန်းရွက် - လက်တဆုပ်စာ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

ပြုလုပ်နည်း
၁။ ၀က်သားကို သန့် စင်ထားပါ။ ကန်စွန်း၇ွက်များကို သင်ပြီးေ၇ဆေးထားပါ။
၂။ ချက်မည့်အိုးထဲကို သကြား ထည့်၊ မီးဖိုပေါ်တင်ပြီး သကြားများ အ၇ည်ပျော်ရ်ျ ညိုလာသည်အထိ တည်ပါ။ (တည်နေသော အချိန်တွင် သကြားရည်များတူးမသွားအောင် အဆင်မပျက် မွှေပေးပါ။)
၃။ ထို့ နောက် သန့် စင်ထားသော ၀က်သားကို သကြားရည်ဖြင့် လှော်ပါ။ ၀က်သား တခုလုံး သကြားရည်ဖြင့် လှော်ပြီး ညိုလာလျှင် ရေကို ၀က်သားမြုပ်အောင်ထည့်ပါ။
၎။ ပဲငံပြာရည် အကြည်၊ တရုတ်မဆလာ၊ ကြက်သားမှုန့် တို့ ကို ထည့်ရ်ျ ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် မီးလျော့ရ်ျ မီးအေးအေးဖြင့် အသားနှင့် အခေါက်များ နူးအိလာသည်အထိ တည်ပါ။ ရေနည်းသွားလျှင် ထပ်ထပ်ဖြည့်ပါ။
၅။ အသားများနူးပြီး လိုချင်သော အ၇ည် အနေအထားရောက်လျှင် အပေါ့အငံမြည်းပြီး သန့်စင်ထားပြီး သင်ထားသော ကန်စွန်းရွက်ကို ထည့်၇်ျ ၅ မိနစ်ခန့် ထားပါ။
၆။ နူးအိပြီး စားလို့ အလွန်ကောင်းကော ၀က်စတူးကို သုံးဆောင်နိုင်ပါပြီ။
Credit to Ei San