ထောပတ်သီးပင်ပွားအုန်းနို့ရည် ပြုလုပ်နည်း



ပင်ပွားစေ့များကို နာရီဝက် ၄၅မိနစ်ခန့် ပွလာစေရန်ရေစိမ်ထားပေးပါ။

အုန်းသီးကိုအရည်ညှစ်ပြီး ရလာသော အုန်းနို့ရည်များကို ဆားအနည်းငယ် သကြားခပ်များများဖြင့် ဆူပွက်အောင် ကျိုပြီးအအေးခံထားပေးပါ။

ထောပတ်သီး (သို့) နှစ်သက်ရာအသီးကို လှီးပြီး အုန်းနို့ရည်ထည့်ပါ။ ပင်ပွားစေ့များကိုလည်းဆယ်ယူပြီး ထည့်ပါ။ ရေခဲတုံးထည့်ပါ။ ၃ခုကိုရောပြီးနောက် ချိုချိုအေးအေးလေးနဲ့သောက်လို့ကောင်းတဲ့ ထောပတ်သီးပင်ပွားအုန်းနို့ရည်လေးရပါပြီ။