ထန်းလျှက်သာကူ ချိုချိုလေး
အခုရက်ထဲ အလုပ်မအားတော့ အရင်ချက်ပြီးသား ဟင်းလေးတွေ လုပ်ပြီးသား မုန့်လေးတွေဘဲ နည်းလေးတွေ ရေးပေးပြီး တင်ဖြစ်မှာပါ။
ထန်းလျှက်သာကူချိုချိုလေး သောက်ချင်လာတာနဲ့ လွယ်ကူမြန်ဆန် ကျိုဖြစ်သွားတဲ့ သာကူကျိုနည်းလေး မျှဝေလိုက်ပါတယ် တနေရာနဲ့တနေရာ အသုံးပြုတဲ့ တံဆိပ်တွေ မတူနိုင်တဲ့အတွက် သာကူကျိုနည်းလေးတွေ ကျိုချိန်လေးတွေ ကွာတတ်ပါတယ် တံဆိပ်မတူပေမဲ့လဲ အခုလိုနည်းအတိုင်း လိုတိုးပိုလျှော့လုပ်ကာ စမ်းပြီးကျိုကြည့်စေချင်ပါတ
ကျိုနည်းလေးက လွယ်ပါတယ် ဒါပေမဲ့ အသုံးပြုမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
ထန်းလျှက်ခဲ - 200 g (အချိုကြိုက်လျှင် ပိုထည့်ပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
သာကူကျိုရန် - ရေနွေးဆူဆူ - ၂လီတာခွဲ
ထန်းလျှက်ကျိုရန် - ရေ တလီတာ
အုန်းသီးမှုန့် - နှစ်သက်သလောက်
ကန်စွန်းဥ - အနေတော် တဥ
ရေ - လိုသလောက်
ပြင်ဆင်ပုံ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေများများကို (၃လီတာခန့်) ပွက်ပွက်ဆူအောင် တည်ပေးပါ
သာကူကျိုပြီး ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
ရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူများ ခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းသီးမှုန့်ကို ပြင်ထားပါ
ကန်စွန်းဥကို နူးအောင်ပြုပ်ပြီး အခွံခွာကာ အတုံးလေးများ လှီးထားပါ
ထန်းလျှက်ရည်ကျိုရန်
ဇောက်နက်သော အိုးထဲသို့ ရေ တလီတာခန့် ထည့်ကာ ထန်းလျှက်ခဲထည့်ပါ
ထန်းလျှက်ကျိုမည့် အိုးထဲသို့ ဆားထည့်ပြီး ရောမွှေကာ အပူပေးပါ
ရေများ ပွက်ပွက်ဆူလာပြီဆိုပါက ထန်းလျှက်များ ကျေသွားအောင် ကျိုပေးပြီး မီးပိတ်ပေးပါ
ထန်းလျှက်ထဲမှ အမှိုက်များ မပါစေရန် ဇကာစိတ်စိတ်နှင့် ထန်းလျှက်ရည်ကို စစ်ထားပါ
အအေးခံထားသော သာကူနှင့် အုန်းသီးမှုန့်ကို ထန်းလျှက်ရည်အိုးထဲ ထည့်မွှေပါ
မွှေပြီးတာနဲ့ အချိုအရသာ လိုသလို ပြင်၍ သာကူများ အရမ်းပျစ် မသွားစေရန် မီးပိတ်ကာ မီးဖိုပေါ်မှ ဖယ်ထားပါ
ပူပူလေး သောက်ချင်ရင်တော့ ထန်းလျှက်သာကူ ကျိုပြီးပြီးချင်း သောက်နိုင်င်ပါတယ်။