ရခိုင်မုန့်တီ ချက်နည်း



================

ရခိုင်မုန့်တီဟင်းရည်ချို ကောင်းကောင်းတစ်ခွက်ရဖို့ ဘယ်ဟာ အဓိက ကျပါသလဲ ? ငပိကောင်းကောင်းနဲ့ ငါးကောင်းကောင်းရရှိဖို့ လိုအပ်ပါတယ်.. ငါးလို့ပြောလိုက်ရင် ငါးရွှေတစ်မျိုးတည်း သုံးလို့ရတာ မဟုတ်ပါပဲ တခြားအချိုဓါတ်များ ပေးစွမ်းနိုင်တဲ့ ငါးတစ်ချို့ကိုလည်း အသုံးပြုနိုင်ပါတယ်ရှင်.. တချို့တွေ အိမ်မှာ ချက်စားကြတာဆိုရင်တော့ ငါးရှာမရတဲ့အခါ ပုဇွန်ကို သုံးပြီး ချက်တတ်တာတွေလည်း ရှိပါတယ်

ရခိုင်မုန့်တီ ချက်ရန်ပါဝင်ပစ္စည်းများ
---------------------------------------------
1. ငါးရွှေ or ငါးလိပ်ကျောက် or ပုဇွန်
2. ငပိ
3. ကြက်သွန်ဖြူ/ ကြက်သွန်နီ
4. ငရုပ်ကောင်းစေ့အမဲ
5. ငရုပ်သီးစိမ်း
7. မကျည်းသီး
8. နံနံပင်
9. ဆား

ရခိုင်မုန့်တီ ဟင်းရည်ချက်ပြုတ်နည်း
----------------------------------------------

ငါးရွှေကို ဆေးကြောသန့်စင်ပြီး ငါးရွှေပြုတ်မယ့် အိုးထဲတွင် ရေကို ငါးရွှေမြှပ်အောင်ထည့်ပြီး ငါးရွှေသား နူးအိချက်သွားအောင်ထိ ပြုတ်ပေးပါ.. မီးခွင် ၂ ခု သုံးသူများ ဆိုရင်တော့ နောက်မီးခွင်တခုတွင် ငပိကို ရေသင့်တော်ရုံထည့်ကာ ကြိုပေးပါ.. ငပိတုံးကို ဆားအနည်းဖြင့် နယ်ပြီး ကြိုရင် ငပိတုံးပျော်တာမြန်ပါတယ်.. ငပိကြိုကျက်လာချိန်တွင် အနည်ထိုင်သည်ထိ အအေးခံထားပေးပါ.. 

ငါးရွှေပြုတ်ရပြီး ဆိုလျှင် ငါးအသားကို ဆယ်ပြီး အအေးခံကာ ငါးရွှေအရိုးနွင်ပေးပါ..ငါးပြုတ်ရည်ကိုလည်း ဟင်းချိုချက်ရန် မလွှင့်ပြစ်ဖို့ သတိပြုပါ.. တချိန်တည်းမှာပင် ငရုပ်သီးချက်ချက်ရန် ငရုပ်သီးစိမ်းကို ရေအနေတော်ထည့်ကာ ပြုတ်ပေးပါ.. ငပိနဲ့ ငရုပ်သီးစိမ်းကို ပြုတ်ပေးခြင်းဖြင့် ဗိုက်မနာအောင် ကာကွယ်ပေးပြီး ငရုပ်စိမ်းမှ ရတဲ့ အနံ့ကို ပျေက်ကင်းစေအပြင် အစပ်လျော့နည်းစေပါတယ်..

ငါးအသားနွှင်ကို ဟင်းရည်ချိုမှာ ထည့်သလို့ ငရုပ်သီးအာပူချက်တွင်လည်း ထည့်ပေးရပါတယ်ရှင်.. ရလာတဲ့ ငါးအသားနွှင် ၃ ပုံ ၂ ပုံ ၊ ငါးပြုတ်ထားတဲ့ အရည် ၊ ငပိမှ အရည်ကြည် ( အနှစ်ရည်ကို မထည့်တာ အကောင်းဆုံးပါ) ရောပြီး ဟင်းချိုကြိုမယ့် အိုးထဲတွင် ပေါင်းထည့်ပြီး ရေပွက်လာသည်ထိ ကြိုပေးပါ.. ဟင်းရည်အိုးဆူနေချိန်ကို ကြာကြာထားပေးရပါတယ်.. ငါးရွှေမှ အချိုရည်များ ထွက်လာပြီး ဟင်းရည်ချိုလေး ရလာရန်ဖြစ်ပါတယ်.. 

ဆူပွက်ပြီး အနည်းငယ်ကြာလာချိန်တွင် ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့မဲ(ငရုပ်ကောင်းစေ့ အမဲရောင်မှ ပိုအနံမွှေးပါတယ်)ကို ရောထေားင်းကာ ထည့်ပေးပါ.. ဆားလိုသလောက် ထည့်ပေးပါ.. ဟင်းချိုမှုန့် or အရသာမှုန့်ကို ကြိုက်တဲ့သူများ ထည့်ပေးလို့ ရပါတယ်.. ကျမကတော့ တတ်နိုင်သမျှ မစားသူမို့ မထည့်ပါဘူး.. အပေါ့အငန်မြည်းပြီးပြီ ဆိုရင် ရခိုင်မုန့်တီ ဟင်းရည်ချိုတခွက်ရပါပြီးရှင်..

° ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း °

ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်းပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ.. ရလာသော ငရုပ်သီးအနှစ် ၊ ငပိရည် ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ.. ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီး.. တချို့တွေကတော့ ငရုပ်သီးအနှစ်ချက်မှာ ဟင်းချိုမှုန့်ခတ်တတ်ကြပါတယ်.. ကျမကတော့ ဟင်းချိုမှုန့်ကို တတ်နိုင်သမျှမစားသုံးသူမို့ ငါရွှေဖတ်များများထည့်ကာ အစပ်လျော့စေပါတယ်..

နောက်ထပ် ပြင်ဆင်ထားရန်များ
----------------------------------------
ဆီချက်သတ်ပေးပါ..
မကျည်းသီးအနှစ်ရည် ဖျော်ထားပါ.
နံနံပင် လှီးထားပေးပါ..
ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့အနည်းငယ် ရောထောင်းထားပေးပါ.
ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ.. ( ကြိုက်သူများ အတွက်သာ) 
သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ 
ငရုပ်သီးအကြက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ 
ကိုယ်ကြိုက်ရာ ပဲကြော် ငဆုပ်ကြော် ၀က်ဆီဖတ် တမျိုးမျိုး ပြင်ဆင်ထားပါ.

အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီးရှင်..

Credit : သာလီစွ ရခိုင်မုန့်တီနှင့် ပင်လယ်စာ
Photo @ Credit