ဆွမ်းမွှေးသာကူ အုန်းနို့ဆမ်း
ထမင်းစားပြီး အချိုတည်းတာ အလေ့အထတခုလို ဖြစ်နေလေတာ့ ဒီတခါ ဆွမ်းမွှေးရွက်တွေ ၀ယ်ထားတာ အဆင်သင့်ရှိတာနဲ့ ဆွမ်းမွှေးသာကူ အုန်းနို့ဆမ်းလေး သောက်ချင်စိတ် ပေါ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ ဆွမ်းမွှေးရွက်ကို ကြိတ်ပြီး အရည်ငင်ကာ သာကူထဲကိုထည့်ပြီး ကျိုဖြစ်ပြန်ပါတယ်။
အားလပ်ရက်လေးမှာ မိသားစု စားနိုင်ဖို့အတွက် အခုလိုနည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတ
ပါဝင်ပစ္စည်းများ
သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
ရေ - 600 ml ( အုန်းနို့နှင့် ရောပြီးကျိုရန်)
သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
ဆား - လက်ဖက်ရည်ဇွန်း တ၀က်
သာကူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
ဆွမ်းမွှေးရွက် - ၃ရွက်
ရေအေး - လိုသလောက်
ပြင်ဆင်ပုံ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
သောကူကျိုပြီးသား ရဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
ဆွမ်းမွှေးရွက်ကို အနေတော် ပိုင်းဖြတ်ကာ ဗလင်ဒါထဲမှာ ရေထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
ဆွမ်းမွှေးရွက်များ ညက်လာပါက ဇကာစိတ်စိတ် တစ်ခုထဲမှာ အ၀တ်ပါးခံကာ အဖတ်များ မပါအောင် စစ်ပေးထားပါ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆူလာပါက ဆွမ်းမွှေးရွက် ကြိတ်ထားသော အရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူစေ့များ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းနို့ကျိုရန်
ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးကို ဖောက်ထည့်ပါ
အုန်းနို့ထဲသို့ ရေ သကြား ဆားတို့ရောမွှေကာ အပူပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ဗူးတခုစီထဲမှာ အုန်းနို့နှင့် သာကူတို့ကို ပြင်ပေးထားပါ
ချက်ခြင်းမသောက်ဖြစ်သေးပါက ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
စားနိုင်သလောက်ကို တမျိုးနည်းနည်းစီရောပြီး ပြင်ပေးပြီးပါက အုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။
အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။