ပြည်​ကြီးငါးအချိုချက်



ပြည်​ကြီးငါးကိုသန့်​စင်​ပါ။ အညှီနံ့ပျောက်အောင် သံပုရာရည်များများညှစ်ပြီး စပါယ်ရှယ်နယ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူနီထောင်းထားပါ။ ဆီထည့်ပါ။ ဆီဆူရင်ကြက်သွန်ဖြူနီထည့်ဆီသပ်။ ခရုဆီ ပဲငံပြာရည် သကြား ဆား အချိုမှုန့် ထည့်ပြီးမွှေပေးပါ။ အနံ့မွှေးပြီဆို ပြည်ကြီးငါးထည့်ပါ။ ( ရေမစစ်ထားခဲ့ရင် ရေဗလပွနဲ့ အကြာကြီးတည်ရပါလိမ့်မယ်။ ပြည်ကြီးငါးဆိုတာ ၅မိနစ်လောက်တည်ရင်ကိုစားလို့ရနေတဲ့ အသားတစ်မျိုးပါနော် ) ထွက်လာတဲ့အချိုရည်တွေခမ်းရင် ပြည်ကြီးငါးအချိုချက်ဟင်းလေးရပါပြီ။

Credit : Htun Thiri
PT@credit