ဝက်သားတောက်တောက်ကြော်
ကဲကဲရဲ့ သူငယ်ချင်းတွေအတွက် ၀က်သားတောက်တောက်ကြော်-ကြော်နည်းလေးကို ပြောပြပါမယ်ရှင်။

အဆင့်ဆင့်ချက်ပုံလေးကိုတော့ ဒီနေ့  ညနေ ၆နာရီခွဲ..မြ၀တီ MWD Documentary "သင်မယ် ချက်မယ် ဟင်းတစ်မယ်" အစီအစဉ်မှာ ပြသပါမယ်ရှင်။

အားပေးကြပါဦးနော်။
.
မနက်ဖန် တနင်္ဂနွေနေ့ မနက်ပိုင်း ( ၇နာရီခွဲ) နှင့် နေ့လည်ပိုင်း(၁နာရီ ၄၅မိနစ်) တွင်လည်း ထပ်မံပြသပါတယ်ရှင်။
Ingredients:
ဝက်ကြိတ်သား ၁၅ကျပ်သား
ကြက်ဥ ၁လုံး
မုန်လာဥနီ အနည်းငယ်
ဗိုလ်စားပဲ ၅တောင့်
ရွှေပဲ ၅တောင့်
Baby Corn (ပြောင်းဖူးအသေး) အနည်းငယ်
တရုတ်နံနံပင်
ကြက်သွန်မိတ်
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အပျစ် အနည်းငယ်
ကြက်ပြုပ်ရည် အကြမ်းပန်းကန်လုံး တ၀က်
ငရုတ်ကောင်းမှုန့်  အနည်းငယ်
ခရုဆီ အနည်းငယ်
နှမ်းဆီ အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
ကော်မှုန့်  အနည်းငယ်
သကြား အနည်းငယ်
ဆား အနည်းငယ်
Preparation Method:
၁) အသီးအရွက်တွေကို သန့်စင်ပြီး အနေတော် လှီးဖြတ်ပါ။ ကော်မှုန့် ကို ရေအနည်းငယ်ဖြင့် ဖျော်ပါ။
၂) ၀က်ကြိတ်သားကို နှမ်းဆီ အနည်းငယ်၊ ငရုတ်ကောင်းမှုန့်  အနည်းငယ်၊ ဆား အနည်းငယ်၊ ပဲငံပြာရည်အကြည် အနည်းငယ် ထည့်ပြီး နယ်ပါ။
၃) ကြက်သွန်ဖြူ ၂မွှာကို နုပ်နုပ်စင်းပြီး အသားတွေဖြင့် ရောနယ်ပါ။
၎) ဒယ်အိုးထဲ ဆီ ထည့်ပြီး အသားတွေကို အ၀ိုင်းပုံစံ လုပ်ပြီးကြော်ပါ။ အကျက်ညီလျှင် ဆယ်ယူပြီး ဆီစစ်ပါ။
၅) ဆီတွေကို ခပ်ထုပ်ပြီး အနည်းငယ် ချန်ပါ။ ပြန်အပူပေးပြီး သကြားကို ဆီသတ်ပါ။ ကြက်သွန်ဖြူ ၃မွှာကို နုပ်နုပ်စင်း ဆီသတ်ပါ။
၆) အသီးအရွက်တွေကို တစ်ခုချင်းစီ ဆက်တိုက် ထည့်ပါ။ ပဲငံပြာရည်အကြည် အနည်းငယ်၊ ပဲငံပြာရည်အပျစ် အနည်းငယ်၊ ခရုဆီ အနည်းငယ် ထည့်ပါ။ ဆား အနည်းငယ် ထည့်ပါ။ ကြက်ဥ ဖောက်ထည့်ပါ။ ကြက်ပြုပ်ရည် ထည့်ပါ။
၇) ကော်ရည် ထည့်ပြီး အရသာ အပေါ့အငန် ပြင်ပါ။ နှမ်းဆီ အနည်းငယ် ထည်ပါ။
၈) ပန်းကန်ထဲ အသားကြော်ကို အရင်ထည့်၊ ကြော်ထားသော အသီးအရွက်တွေကို အပေါ်မှ အုပ်ထည့်ပါ။
၉) တရုတ်နံနံပင်နှင့် ကြက်သွန်မိတ် ဖြူးလိုက်လျှင် ရပါပြီရှင်။
Credit to KaeKae's FoodPalace

အဆင့်ဆင့်ချက်ပုံလေးကိုတော့