ဆီထမင်းလုပ်နည်း
အဆာပြေလုပ်စားနိုင်ရန် ဆီထမင်းလေးတင်ပေးပါတယ်။ အားလုံးပဲကြိုက်ကြမယ်လို.မေ
ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန် - ဆန်ချိန်ခွက် ၂ ခွက်
ရေနွေး - ဆန်ချိန်ခွက် ၁ ခွက်
ကြက်သွန်ဖြူ - ၅ မွှာ ( နုတ်နုတ်စဉ်း)
ကြက်သွန်နီ - ၂ လုံး( ပါးပါးလှီး)
ဆား - လက်ဖက်ရည်ဇွန်း ၂ စွန်း
နနွင်းမှုန်.- လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
ဆီ - စားပွဲတင်ဇွန်း ၄ စွန်း
တွဲစားရန် - ပဲပြုတ်၊ အာဗြဲခြောက်ကြော်၊ပုဇွန်ခြေ
အရင်ဆုံး ကောက်ညှင်းကို ရေဆေးပြီး ၃ နာရီခန်.ရေစိမ်ပြီး ရေစစ်ထားပါ။ ကျွန်တော်ကတော့ မနက်ချက်ဖို.ညကတည်းက စိမ်ပါတယ်။
ဒယ်ထဲ ဆီထည့်ပြီး ကြက်သွန်နီကို အညိုရောင်သန်းအောင်ကြော်ပြီ
နနွင်းမှုန်.ထည့်ပါ။
ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်လှော်ပါ။
ဆားထည့်ပါ။ ကောက်ညှင်းဆန်များ မာလာတဲ့အထိ လှော်ပေးပါ။ ကောက်ညှင်းဆန်များ မာလာပြီဆိုရင် ရေနွေးတစ်ခွက်ထည့်ပြီး မွှေပေးပါ။ အဖုံးအုပ်တည်ပေးပါ။
၅ မိနစ်ခန်.ကြာရင် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပေးပြီး အဖုံးပြန်အုပ်ပါ။ ဒီနည်းနဲ.၅ မိနစ်ခြားတစ်ခါ လှန်ပေးပါ။
ကောက်ညှင်းဆန် အပျော့အမာ စမ်းကြည့်ပါ။မာနေသေးရင် ရေနည်းနည်းတောက်ပေးပါ။
ကောက်ညှင်းဆန်များ ပျော့စီးလာပြီဆိုရင် ရပါပြီ။ ချိုးကြိုက်ရင် အိုးကပ်အောင် ထပ်တည်ပေးပါ။
အခုဆိုရင် စားလို.ကောင်းတဲ့ ဆီထမင်းကို
ပဲပြုတ်၊ နှမ်းထောင်း၊ အာဗြဲခြောက်ကြော်၊ပုဇွန်ခြေ
ဆတ်သားခြောက်၊
ငါးရံ.ခြောက် စသည့် နှစ်သက်ရာနှင့်
တွဲဖက်သုံးဆောင်နိုင်ပါပြီ

Credit