#မုန့်ဟင်းခါး ချက်နည်း



( ကုလားပဲဆန် မုန့်ဟင်းခါး )

👉 ငါးဆီသတ်ရန်

အိုးထဲ ငါးထည့်ပီး ဂျင်း,စပါးလင်,နနွင်း,ဆား,ထညက်ထည့်ပါ။
ရေနွေးပူပူထည့်ပီး ပြုတ်ပါ။
အသားကျက်ရင် ဆယ်ထားပီး အရိုးနွှင်ထားပါ။
ကြက်သွန်ဖြူ,နီ,ငရုတ်သီးအစိမ်းမှုန့်ဆီသတ်၍ ရွလာရင်
နွှင်ထားတဲ့ငါးကို ထည့်ပီး ဆီသတ်ပါ။
ငါးပြုတ်ရည် လဖက်ရည် တခွက်စာထည့်မွှေပေးပါ။
ပျော့ပျော့အိအိ မွမွလေး အနေအထားမှာ ချထားပါ။

👉 မုန့်ဟင်းခါး ချက်ပါတော့မယ်။

ပဲပြုတ်ရည်နဲ့ ငါးပြုတ်ရည်ကို အိုးတစ်ခုထဲပေါင်းထည့်ပီး
ပြုတ်ထားတဲ့ ကုလားပဲဆန်ကို ထောင်းပီး ထည့်မွှေပေးပါ။
ငါးဆီသတ်ကိုပါ တခါတည်း ထည့်မွှေပေးပါ။( ဆူပွက်လာရင် )
ငပျောအူ,ကြက်သွန်နီဥ,ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။
ငံပြာရည်,ဟင်းခပ်မှုန့် လိုသလိုထည့်ပီး အရသာစပ်ပါ။
ငပျောအူ,ကြက်သွန်နီဥလေးများ နူးရင်ရပါပြီ။

ကုလားပဲဆန်ကို တစ်ည ရေစိမ်ပီးပြုတ်ရင် နူးလွယ်ပါတယ်။
ကုလားပဲဆန် တစ်ဗူးကို ငါး ၂၅ ကျပ်သားထည့်ပါတယ်။
ကုလားပဲဆန် နှစ်ဗူးဆိုရင်တော့ ငါး ၅၀ သားထည့်ပါတယ်။
ကုလားပဲဆန် လေးဗူးဆိုရင်တော့ ငါး တစ်ပိဿာထည့်ပါတယ်။

Credit : ပဲခူး ဒေါ်ထွေးရီ