အုန်းဆီဆမ်း သာကူပြင် မွှေးမွှေးလေး




သာကူကျိုချိန် အချိန်မကြာပေမဲ့ အိုးတွေခွက်တွေ ဆေးရတာတော့ အလုပ်ရှုပ်လွန်းတဲ့ မုန့်တမျိုးပါ သာကူကျိုနည်းကတော့ မကြာခန တင်ပြီးသားမို့ ထပ်မရေးတော့ဘဲ ဒီတစ်ခါတော့ အုန်းဆီချက်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အသင့်လုပ်ပြီးသား သာကူပြင် - မုန့်ပွဲပြင်ရန် တပွဲစာ

အုန်းနို့ - 400 ml

ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ဆီ - ထမင်းစားဇွန်း ၄ဇွန်း

အုန်းဆီချက်ရန်

အုန်းနို့နှင့် ဆီ ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပေးပြီး မီးအနေတော်နှင့် တည်ပေးပါ

အုန်းဆီချက်နေစဉ် အုန်းဆီများ ဝေကျတတ်သောကြောင့် မကြာမကြာမွှေပေးပြီး မီးမများစေရန် စတိထားပေးပါ

အုန်းနို့များ တဖြည်းဖြည်း ခမ်းလာပြီး ဆီထွက်လာပြီး ဆီထဲတွင် အုန်းနို့များ ဥလာပြီဆိုရင် မီးဖိုပေါ်က ချပေးထားပါ။

ပြင်ဆင်ပုံ

သာကူပြင်ကို အနေတော် အတုံးလေးတွေ တုံးထားပါ

လှီးထားသော သာကူပြင်ကို ပန်းကန်ပြားတချပ်မှာ မိမိနှစ်သက်သလို ပြင်ပေးထားပါ

အဆင်သင့် ပြင်ထားသော သာကူပြင်ပေါ်သို့ ချက်ထားသော အုန်းဆီကို ဆမ်းပေးကာ စားပွဲလေး ပြင်ပေးနိုင်ပါပြီ

အရသာ စိမ့်စိမ့်လေးနဲ့ အုန်းဆီနံ့လေးမွှေးနေကာ စားလို့အရမ်းကောင်းလွန်းတဲ့ သာကူပြင်အုန်းဆီဆမ်းလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။