ပုလဲသာကူ ချိုချိုလေး
ဒီနေ့တော့ သာကူအလုံး ကြီးကြီးလေးတွေ ဝယ်လာတာနဲ့ အချိုတည်းဖို့အတွက် ကျိုဖြစ်သွားပါတယ် ရိုးရိုးသာကူစေ့တွေလို ကျိုရမလွယ်ပါဘူး အချိန်တော်တော် ပေးရပါတယ် ကျိုချိန်အတိအကျပြောဖို့တော
ကကျိုပုံကျိုနည်းကတော့ အတူတူပါဘဲ အချိန်ကြာတာ တစ်ခုဘဲ ကွာသွားတဲ့အတွက် မာမာကျိုတဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး
ထန်းလျှက်ခဲ - 200 g (အချိုကြိုက်လျှင် ပိုထည့်ပါ)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
သာကူကျိုရန် - ရေနွေးဆူဆူ - ၂လီတာခွဲ
ထန်းလျှက်ကျိုရန် - ရေ တလီတာ
အုန်းသီးမှုန့် - နှစ်သက်သလောက်
ရေ - လိုသလောက်
ပြင်ဆင်ပုံ
ဇောက်နက်သော အိုးတလုံးထဲမှာ ရေများများကို (၃လီတာခန့်) ပွက်ပွက်ဆူအောင် တည်ပေးပါ
နောက်ထပ်အိုးတစ်လုံးနှင့် ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပေးပါ
သာကူကျိုပြီး ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
ရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါ
သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
သုံးသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
သာကူကျိုနေစဉ် ရေနည်းလာပါက ရေနွေးပူပူကို ထပ်ထပ်ထည့်ပြီး သာကူစေ့များ မျက်စေ့ပျောက်လာတဲ့အထိ ကျိုပေးပါ
သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းသီးမှုန့်ကို ပြင်ထားပါ
ထန်းလျှက်ရည်ကျိုရန်
ဇောက်နက်သော အိုးထဲသို့ ရေ တလီတာခန့် ထည့်ကာ ထန်းလျှက်ခဲထည့်ပါ
ထန်းလျှက်ကျိုမည့် အိုးထဲသို့ ဆားထည့်ပြီး ရောမွှေကာ အပူပေးပါ
ရေများ ပွက်ပွက်ဆူလာပြီဆိုပါက ထန်းလျှက်များ ကျေသွားအောင် ကျိုပေးပြီး မီးပိတ်ပေးပါ
ထန်းလျှက်ထဲမှ အမှိုက်များ မပါစေရန် ဇကာစိတ်စိတ်နှင့် ထန်းလျှက်ရည်ကို စစ်ထားပါ
အအေးခံထားသော သာကူနှင့် အုန်းသီးမှုန့်ကို ထန်းလျှက်ရည်အိုးထဲ ထည့်မွှေပါ
မွှေပြီးတာနဲ့ အချိုအရသာ လိုသလို ပြင်၍ သာကူများ အရမ်းပျစ် မသွားစေရန် မီးပိတ်ကာ မီးဖိုပေါ်မှ ဖယ်ထားပါ ပူပူလေး သောက်ချင်ရင်တော့ ထန်းလျှက်သာကူကို ကျိုပြီးပြီးချင်း သောက်နိုင်င်ပါတယ်။