ပန်းစိမ်းကြက်ဥကြော်
ပန်းစိမ်းများ အရွယ်တော်လှီးဖြတ်ပြီး ရေနွေးဆူဆူထဲ
ဆီ တစ်စက်နှစ်စက်ထည့်ကာ ခနကြာထည့်ပြုတ်
ရေအေးအေးနှင့်ဆေးပြီး စစ်ထားပါ ။ ဆီအနည်းငယ်နှင့်
ကြက်သွန်နီပါးပါးလှီးဆီသပ် မွှေးလာရင် ပန်းစိမ်းများထည့်
ဆား ခရုဆီ ဟင်းခတ်မှုန့် (သို့) ကြက်သားမှုန့်ထည့်
ကြက်ဥ ထည့်မွှေ မီးပြင်းပြင်းနဲ့ ကြော်ပေးပါ ။