ဝက်သားလုံးကြော်
============
ပါဝင်ပစ္စည်းများ
ဝက်သား - အသားကောင်းကောင်း 350g
ချင်း - လက်တဆစ်ခန့်မရှိတရှိ
ကြက်ဥ - တလုံး
ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
ကြက်သွန်နီ - အနေတော် တလုံး
ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တဇွန်း
နှမ်းဆီ - လက်ဖက်ရည်ဇွန်းဖျား ၃စက်ခန့်
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆီ - လိုသလောက်
ပြင်ဆင်ပုံ
ဝက်သားကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် ခနစစ်ထားပါ
ပြီးမှ စဥ့်နီတုံး ကောင်းကောင်းပေါ်မှာ ညှက်နေအောင် နုပ်နုပ်စဉ်းပေးပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုပ်နုပ် လှီးပေးပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးပေးပါ
ချင်းကို ညက်နေအောင်ထောင်းပြီး အရည်ညှစ်ယူထားပါ
ကြက်ဥကို အနှစ်ဖယ်ထားပြီး အကာကို ပြင်ထားပါ
ခပ်နုတ်နုတ် စဉ်းထားသော အသားများ ချင်းထောင်းထားသော အရည် ဆား ငရုတ်ကောင်းမှုန့် နှမ်းဆီ ပဲငံပြာရည်အကြည် အရသာမှုန့် နနွင်းမှုန့် စဉ်းထားသော ကြက်သွန်ဖြူ ကြက်သွန်နီ ပြောင်းကော်မှုန့် ကြက်ဥအကာတို့ကို ကိုဇလုံ ကျယ်ကျယ်တခုမှာ ထည့်ပေးပြီး သမအောင် နယ်ပေးပါ
အနေတော် ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပြီးမှ အရသာ နယ်ထားသော ၀က်သားကို အနေတော် အလုံးလေးတွေ လုံးပြီးထည့်ကြော်ပါ
ကြော်နေစဉ် မီးအရမ်း မများအောင် သတိထားပါ မီးအရမ်းများပါက အပြင်သားများ အကျက်လွန်လွယ်ပြီး အထဲက မကျက်ဘဲ နေတတ်ပါတယ်
အထက်အောက် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
ဝက်သားလုံးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးကာ နှစ်သက်ရာ အချဉ်တို့ဖြင့် တွဲဖက်လို့ စားသုံးနိုင်ပါပြီ။
credit