မုန့်ဖက်ထုပ်လုပ်နည်း
၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)
၂. အုန်းသီး၊ပဲ
၃. သကြား
၎. ငှက်ပျောရွက်
ကောက်ညှင်းဆန်ကို ရေဆေးပါ
ပြီးရင် ခြောက်သည်အထိ ရေစစ်ထားပါ။
ရေခြောက်သွားတဲ့အခါ အမှုန့်ဖြစ်အောင်ထောင်းပါ။
ငယ်တုန်းကတော့ မောင်းထောင်းတာပဲ။
အမှုန့်ရတဲ့အခါ နေပြန်လှန်းပါ။
ပြီးလျှင် မုန့်လုပ်ရန် ရေစက်စက်ဖြင့် နှယ်ပါ။
ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။
ရပြီဆိုလျှင် နောက်တခုက
အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။
၎င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။
ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။
ငှက်ပျောရွက်ကား အစိမ်းမလုပ်ရ။
မုန့်လုပ်တော့မည်စိတ်ကူးကတည
မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီး
အနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်းထားရမည်။
နေလှန်းရန် အချိန်မရှိလျင် မီးကင်လည်းရသည်။
စောစောက အဆာသွပ်ပြီးသားမုန့်ကို
နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး
ပေါင်းအိုးထဲထည့်ပေါင်းလျှင
ကြိုက်လျှင် လုပ်စားလိုက်တော့..😁😁😁။..
Credit