မုန့်ဗိုင်းတောင့် နှင့် ပဲမုန့်
(ကျွန်မရဲ့ တတိယစာအုပ်(အပန်းရောင်) မှာ ပါပြီးသားလေးပါ။)
ဒီမုန့်ဗိုင်းတောင့် နှင့် ပဲမုန့် ကို facebook မှတစ်ဆင့် ခင်မင်ခွင့်ရခဲ့တဲ့ မနှင်းဝတ်မှုံ (Hnin Wuthmom) ရဲ့ နည်းလေးအတိုင်း လုပ်ထားတာဖြစ်ပါတယ်။ ဒီနည်းလေးကို အသုံးပြုခွင့်ပေးတဲ့အတွက် မဝတ်မှုံကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
***... မုန့်ဗိုင်းတောင့် နှင့် ပဲမုန့် အတွက် လိုအပ်တာလေးတွေ…
ဆန်အစိမ်းမှုန့် (rice flour) – 1 1/4 cups (310 ml)
ရေ – 1/2 cup (125 ml)
ထုံး (white lime stone) – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့် (ရေ 2000 ml ထဲ ထည့်ကာ ပျော်အောင်ဖျော်ထားပါ။)
မပြုတ်ရသေးသော ပဲလွမ်း (kindy bean) – 1/3 cup (80 ml) ( ပြုတ်ပြီးနောက် 2/3 cup ခန့်)
ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (မုန့်ညက်လုံး ပြုတ်ပြီးနောက် ထည့်နယ်ရန်)
ဆား
ပဲပြုတ်
နှမ်းဖြူလှော်ထောင်း
မြေပဲဆီ
ခြစ်ထားသော အုန်းသီး (ထည့်လိုက ထည့်နိုင်ပါတယ်။)
ပဲလွမ်းကို တစ်ညအိပ်ရေစိမ်ပြီး နူးအိနေအောင် ပြုတ်ထားပါ။ ready made ပြုတ်ပြီးသားဗူးကို သုံးပါက ပိုနူးညံ့ပါတယ်။
ဆန်မှုန့်ထဲ ရေ (1/2 cup) ကို နည်းနည်းချင်းစီထည့်ပြီး သေသေချာချာ နှံ့ပြီး မုန့်သားညက်သွားအောင် နယ်ပေးပါ။ (လိုအပ်လျှင် ရေအတိုး၊ အလျှော့အနည်းငယ်လုပ်ပေးပါ။)
ဖျော်ထားသောထုံးရည် (2000 ml)ကို အနည်ထိုင်နေသည့် ထုံးများမပါအောင် အိုးထဲလောင်းထည့်ပြီး ပွက်ပွက်ဆူလာအောင် ကျိုထားပါ။
(မုန့်ညက်လုံးထည့်ပြုတ်လျှင
ပွက်ပွက်ဆူလာလျှင် နယ်ထားသော မုန့်ညက်လုံးကိုထည့်ပြီး ၇ မိနစ်ခန့် အိုးအဖုံးဖွင့်ပြီး ပြုတ်ပေးပါ။ မုန့်သားများ ညီညီညာညာကျက်စေရန် အထက်အောက်လှန်ပေးပါ။
ပြုတ်ပြီးနောက် မုန့်ညက်အပေါ်ယံသားလေး အောက်ပုံပါအတိုင်း ပြောင်ပြောင်ချောချောလေးဖြစ
ခပ်နွေးနွေးအနေအထားဖြစ်လျှင
ထိုချေထားသော မုန့်သားထဲ ဆီ – ထမင်းစားဇွန်း ၁ ဇွန်း ထည့်ကာ ၁၀ မိနစ်ခန့် (သို့) မုန့်သားနှံ့ပြီးကြေညက် စေးပိုင်လာသည် အထိ ဂျုံနယ်သလို သေသေချာချာ ဖိချေနယ်ပေးပါ။
မုန့်သားများနှံ့ပြီး ညက်လာလျှင် ပဲမုန့်အတွက် မုန့်သား ၃ ပုံ ၁ ပုံကို ခွဲထုတ်ကာ ဆား (အနည်းငယ်)၊ ပဲလွန်းတို့ဖြင့် ရော၍ ပဲများကြေပြီး နှံ့သွားအောင် သေချာရောနယ်ကာ လက်မ (သို့) လက်သန်း အရွယ် ပဲဆုပ်လေးများဆုပ်ပြီး ပိတ်ပါးစခံထားသည့် ပေါင်းမည့်အိုးထဲ ထည့်ပါ။
ကျန်သည့် မုန့်သား ၃ ပုံ ၂ ပုံကို မုန့်ဗိုင်းတောင့်လေးများလိ
ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ် ပေါင်းမည့်အိုးကိုတင်ပြီး အဖုံး လုံအောင်ဖုံးကာ high heat ဖြင့် မိနစ် ၂၀ နှင့် ၂၅ မိနစ်ကြားပေါင်းပေးပါ။
မုန့်သားများကြည်ပြီး အိအိလေးဖြစ်လာလျှင် မုန့်ကျက်ပြီမို့ မီးဖိုမှချကာ….
ပဲပြုတ်၊ ဆား၊ နှမ်းဖြူလှော်ထောင်း၊ မြေပဲဆီ၊ ခြစ်ထားသော အုန်းသီး တို့ဖြင့် နယ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Chaw Su's Food Friends