#ရှမ်းထမင်းကြော်စပ်စပ်လေး#


••••••••••••••••••••••••••••••••••
အိမ်မှာတခါတလေ.ထမင်းနဲ့ဟင်းမစားချင်တဲ့အခါ.သားအမိတွေဒီလိုထမင်းကြော်ကိုကြော်စားပြီး ခေါင်းပြားအောင် အိပ်
ကြတယ်..ပဲပုတ်တွေထည့်ကြော်ထားတော့ စားပြီးအိပ်လို့
ကောင်းတာဆိုမှ..ခုလိုမိုးလေးတအေးအေးနဲ့ဆို ပိုမိုက်..
ကြော်နည်းလေးပြောပြမယ်နော်....
ဆီပူပူမှာ ..ကြက်သွန်ဖြူလေးဓားပြားရိုက်ထားတာအရင်ဆီ
သတ်.ပြီးရင် ဝက်သားပြုတ်ထားတာလေးကိုပါးပါးလှီးပြီးထည့်
ကြော်.ခဏ​လောက်​ နေရင်ငရုတ်သီးစိမ်းပါးပါးလှီးထားတာ
ထည့်.ယိုးဒယားငံပြာရည် လေးတဇွန်းလောက်ထည့်..ထမင်း
ထည့်ဆားအရသာမူန်ထည့်ပြီးဆက်ကြော်..တအောင့်လောက်နေရင်ပဲပုတ်မီးကင်ပြီးထောင်းထားတာတွေထည့်..အထက်အောက်လှန်ပီး ပင်စိမ်းရွက် ကြက်သွန်မိတ်တွေထည့်ကြော်
လိုက် မီးပြင်းပြင်းနဲ့ကြော်..မွှေးနေရော..အရသာက..ပဲပုတ်
နံ့ ပင်စိမ်း နံ့မွေးမွှေးလေးနဲ့စပ်စပ်လေး..အရမ်းကောင်း..
ကြိုက်ရင်ပေါ့ ကြော်စားကြည့်နော်...