ဝက်နံရိုးဟင်း အစပ်ချက်
================
တစ်လက်မအရွယ်ခန့် တုံးထားသော ၀က်နံရိုး - 500g
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တ၀က်တို့နဲ့ရောနယ်ထားပါ
ဟင်းချက်ရန်
ဆီ ထမင်းစားဇွန်း ၄ဇွန်းလောက်ကို အပူပေးပါ
ဆီပူလာပါက နနွင်းမှုန့် အနည်းငယ်ကိုထဲ့ပြီး
မညက်တညက်ထောင်းထားသော ကြက်သွန်နီဥကြီးကြီးတစ်ခြမ်
ငရုတ်သီးနံ့မွှေးလာတာနဲ့ အရသာနယ်ထားသော ၀က်နံရိုးကိုထဲ့မွှေပြီးဆီသတ
ဆီသတ်နေစဉ် အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
ဆီသတ်နံ့မွှေးလာပြီး အရိုးမှာကပ်နေသော အသားများမာလာပါက ရေမြုပ်အောင်ထဲ့ပြီး ၂ရည်ခမ်းအောင်တည်ပေးပါ
ရေခမ်းပြီးဆီပြန်လာပါက မဆလာအုပ်ကာ အပေါ့အငံ အရသာမြည်းပြီး ၀က်နံရိုးဟင်းမွှေးမွှေး စပ်စပ်လေးကို ဟင်းပွဲပြင်နိုင်ပါပြီ။
Credit