မုန့်ဦးနှောက် ကျိုနည်း



...........................
ပေးတဲ့အတိုင်း တိတိကျကျ လုပ်မယ်ဆို စားကောင်းပြီး ရောင်းတန်းဝင်မယ်ဆိုတာ အာမခံပါတယ်နော်....

ယိုးဒယား ဆန်မှုန့် နို့ဆီဗူး ၂ ဗူး
ရေ နို့ဆီဗူး စုစုပေါင်း ၉ ဗူး
သကြား ၁၅ ကျပ်သား
ယိုးဒယားအုန်းနို့ဗူး ကြီး ၁ဗူး
အုန်းသီးရင့်ရင့် ၂လုံး ( အရည်ညှစ်ပြီး မီးအေးအေးနဲ့ အဆီပြန်သည်အထိ ကျိုရန်)
ဆားထမင်းစား ဇွန်းဝက်
ယိုးဒယား ဘုံကျောင်းတံဆိပ် သာကူ ၅ကျပ်သား

အရင်ဆုံး...ဆန်မှုန့်ကို ရေနို့ဆီဗူး ၇ ဗူးနဲ့ ၃နာရီလောက်စိမ်ထားပါမယ်....

ကျန်တဲ့ရေ နို့ဆီဗူး ၂ ဗူးကို ဆူအောင်တည်ပါ...ဆူလာရင် သာကူထည့်ကျိုမယ်....မျက်စိပျောက်တဲ့ထိ ကျိုမယ်နော်...

သာကူမျက်စိပျောက်ရင်...သကြား ဆားထည့်ပါမယ်....
ဆန်မှုန့်ကို မွှေထည့်မယ်...
အုန်းနို့ဗူးထည့်မယ်...
ဆန်မှုန့်စထည့်ချိန်ကနေ.....အမွှေဇယား စ ပြီ နော်😉😉

မုန့်ဦးနှောက်ရယ် မုန့်ကျွဲသည်းရယ်က အမွှေနာမှ စားကောင်းပါတယ်....
၁နာရီပြင်းပြင်း မတူးမကပ်အောင် မွှေရမယ်.......

မွှေတဲ့ဇွန်းမှာ မုန့်ရည် ကြွက်မြှီးတန်းလာရင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့် ပြီး အအေးခံပါ....
လုံးဝ အေးသွားမှ အစောက အုန်းသီးခြစ် ချက်ထားတဲ့ အုန်းဆီချက်လေးဆမ်း သုံးဆောင်ပါရှင်....

တချို့က ဖက်လေးနဲ့ထုပ်တာစားချင်တယ်ဆို...မုန့်ရည် ကြွက်မြီးတန်းရင် ဖက်ထဲထည့်ထုပ် အအေးခံပါနော့...

အုန်းဆီချက်က...အုန်းသီးရင့်အရေညှစ်ချက်တာ ပိုအဆင်ပြေပါတယ်နော်...
ယိုးဒယားအုန်းနို့ဗူးကို ကျိုရင် ချွဲပြစ်ပြစ်ကြီး ဖြစ်လို့ပါနော်....
အချိုကြိုက်ရင်...သကြားလေးဖြူးပြီး...အရသာရှိလွန်းလှတဲ့..မုန်ဦးနှောက်လေး သုံးဆောင်နိုင်ပါပြီ.....

စားကောင်းအဆင်ပြေပါစေရှင့်..................ချစ်တဲ့Kwett

Chit Shwe Kwet