#ထောပတ်ထမင်း#



•••••••••••••••••••••
အိမ်မှာ အလွယ်တကူနဲ့ကုန်ကျစရိတ်သက်သာမယ့် ထောပတ်ထမင်းချက်စားရအောင်...ခုချက်ထားတဲ့ ပုံစံ
ကထောပတ်ထမင်းချက်နည်းပါပဲ..ပဲစိမ်းလုံး နဲ့ဥနီ ပြောင်းဖူး
ကအိမ်မှာ အလွယ်ရှိနေလို့.ရောင်စုံလေးဖြစ်အောင်.အိမ်က
သားတွေပိုစားချင်လာအောင်လို့.ထည့်ချက်လိုက်တာပါ..မရှိ
လို့ထည့်မချက်လည်းရပါတယ်....

ပါဝင်ပစ္စည်း များ
••••••••••••••••••••

ဆန်အကောင်းစား....နို့ဆီဗူးနှစ်ဗူး.

ထောပတ်​.. ငါးကျပ်သားခန့်

ဟင်းရွက်ဆီ ထမင်းစားဇွန်းလေးဇွန်း.

နို့စိမ်း..ထမင်းစားဇွန်းလေးဇွန်း

သကြားထမင်းစားဇွန်းတစ်ဇွန်း

ဆား/အရသာမူန့်အနည်းငယ်စီ

ကရဝေးရွက်/သစ်ဂျပိုးခေါက် အနည်းငယ်စီ

ကြက်သွန်နီဥတစ်လုံး..

ပဲစိမ်းလုံး/ပြောင်းဖူး/မုန်​လာဥ နီအနည်းငယ်စီ(မထည့်လည်းရ)

တို့လိုအပ်ပါတယ်....

ထောပတ်ထမင်းချက်မည်ဆိုလျှင်
••••••••••••••••••••••••••••••••••••
ရိုးရိုးထမင်းချက်မည့်ပေါင်းအိုးထဲမှာ ဆန်ကိုရေဆေးပြီး
အသီးအနှံတွေမှလွဲ၍ ကျန်တဲ့ပါဝင်ပစ္စည်းများ.အားလုံး
ကိုရောထည့်၍ပုံမှန်ထမင်းချက်သလိုပဲချက်ပါ...ကြက်သွန်
နီကိုတော့လေးစိတ်စိတ်ထည့်ပါ...ရေကိုမိမိတို့ချက်မည့်
ဆန်အကြောပေါ်မူတည်ပီးချင့်ချိန်ထည့်ပါ..ရေကိုခါတိုင်း
ပုံမှန်ထည့်နေကျထက်အနည်းငယ်လျှော့၍ထည့်ပါ..ထမင်းအိုးခလုတ်တက်ခါနီးလောက်တွင်.အဖုံးဖွင့်၍အထက်အောက်လှန်ပေးပါ..ထောပတ်ဆီများအောက်တွင်စုပုံနေမည်စိုးလို့ပါ..အသီးအနှံ ထည့်မည်ဆိုပါက.ဒီအချိန်မှာထည့်ပါ...
အရသာမြည်းကြည့်ပါ...မိမိတို့အိမ်သားများအကြိုက်အရသာကိုဒီအချိန်မှာစိတ်ကြိုက်ပြင်နိုင်ပါတယ်..အရသာအနေတော်ပဲဆိုလျှင်အဖုံးပြန်ပိတ်ပီးထမင်းအိုးကောင်းစွာနှပ်သည်
ထိပြန်တည်ထားပေးလိုက်ရင်ရပါပီ....အချိန်ခဏပဲပေးရပါ
တယ်မကြာပါဘူး..လွယ်ကူလျှင်မြန်ပါတယ်...အဓိက.ဆန်နဲ့
ရေကိုအချိုးကျကျထည့်တတ်ဖို့ပါပဲ.....

တွဲဖက်စားဖို့ကြက်သားဟင်းအတွက်
••••••••••••••••••••••••••••••••••••••
ကြက်ပေါ်င်တစ်ချောင်း(သုံးပိုင်းပိုင်းထားပါ)

ကြက်သွန်နီသုံးလုံး(ပါးပါးလှီးထား ပါ)

ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်ထောင်းထားပါ

မဆလာ/ဆီ/ဆား/အရသာမူန့်/ငံပြာရည်/ဆနွင်း/အရောင်တင်မူန့်. အနည်းငယ်စီလိုအပ်ပါတယ်...

ချက်နည်း
•••••••••••
ကြက်သားကိုအရင်ဆုံး..ဆားအရသာမူန့် မဆလာဆနွင်း
ထောင်းထားသောကြက်ဖြူနှင့်ဂျင်းတို့ထည့်၍အရသာနယ်
ထားပါ...အိုးဆီပူရင် ကြက်သွန်နီများကိုအရင်ကြွပ်အောင်
ထည့်ကြော်ပီး.ကြွပ်လျှင်ဆယ်ထားပါ..ပိုတဲ့ဆီထဲကြက်သား
များထည့်၍လုံးပေးပါ.အသားတင်းရင် ရေနွေးထည့် ကြော်
ထားတဲ့ကြက်နီကြော်တွေခြေထည့်ပေး..အဖုံးအုပ်ပီးဆက်တ
ည်ပေး..အသားနူးပီးဆီပြန်သည်ထိ..အရသာလိုလျှင်ထပ်
ထည့်...အားလုံအးနေတော်ကွက်တိဆီပြန်ပီဆိုရပါပီ...

ပွဲပြင်မယ်ဆိုရင်
•••••••••••••••••••
ပန်းကန်​ပြား ထဲမှာထောပတ်ထမင်းခပ်ထည့်..ကြက်သား
ဆီပြန်လေးခပ်ထည့်..တွဲဖက်စားဖို့သရက်ချဉ်သုပ်လေး
တစ်ပုံထည့်..မိမိတို့အိမ်မှာ ပုဇွန်ခြောက် ကြော်အစပ်လေး
ရှိရင်လည်းထည့်ပေါ့. ကိုယ်ကတော့ မထည့်ထားပါ....ချဉ်
ပေါင်ဟင်းချိုလေးနဲ့တွဲဖက်စားပိုလိုက်ဖက်ပါတယ်....
အားလုံးအဆင်ပြေ ကြပါစေရှင်.. လိုင် လိုင်