ဝက်​လက်​ထမင်း​ပေါင်း



•••••••••••••••••
ထိုင်းစတိုင်​ချက်​ထားခြင်းမဟုတ်​ပါ..ကိုယ့်​စိတ်​ကြိုက်
ကိုယ်​စတိုင်​နဲ့ကိုယ်​ချက်​ထားတာပါ..ဝက်​လက်​ထမင်း
လို့ဆိုလိုက်​တာနဲ့ အ​တော်​များများက ထိုင်းစတိုင်​ချက်​နည်းကိုပဲမြင်​မိတတ်​ကြလို့ပါ..ထိုင်းစတိုင်​က အချိုများ
ပြီး အ​မွှေးအကြိုင်​ အနံ့​တွေတအားပြင်း​တော့.စားရတာ
အီ​နောက်​​နောက်​ဖြစ်​လို့..မကြိုက်​လို့ပါ..ချက်​နည်းကို
ပြောပြမယ်​​နော်​..

ပါဝင်​ပစ္စည်း များ
••••••••••••
ဝက်​​လက်​တစ်​​​ချောင်း
ရှာ​ကောပါး​ကောမူန့်
ကြက်​သွန်​နီဥ ငါးဥ
ကြက်​သွန်​ဖြူ နှစ်​လုံး
ချင်းသုံးပြား
ဆီ တစ်​ဆယ်​သား
သကြား
ဆား
အရသာမူန့်
ပဲငံပြာရည်​ အကျဲ/အပျစ်
ငရုတ်​​ကောင်း မူန့်
ကြက်​သွန်​မိတ်​ တရုတ်​နံနံတို့လိုအပ်​ပါတယ်​.

ချက်​နည်း
••••••••
အရင်​ဆုံးဝက်​လက်​ကို အ​မွှေး​တွေသန့်​စင်​​စေရန်​နှင်​.
အ​ရောင်​လှ​စေရန်​အတွက်​ မီး​သွေးဖို​နဲ့မီးဖုတ်​​ပေးပါ
ပြီးရင်​ ​ရေစိမ်​ထားပါ. ​ရေစိမ်​လို့ပွလာရင်​ မဲ​နေ​သောအ​ခေါက်​​တွေကိုဓားနဲ့ခြစ်​ချပြီးသန့်​စင်​ထားပါ..

ထိုသန့်​စင်​ထား​သော ဝက်​လက်​ကို ဆား အရသာမူန့်
ရှာ​ကောပါ​ကောမူန့်ပဲငံပြာရည်​အပျစ်​အနည်းငယ်​စီထည့်​၍ နယ်​ပြီးအရသာသွင်းထားပါ

ဆီပူပူမှာ ထိုအရသာသွင်းထား​သော ဝက်​လက်​​တွေကို
အ​ခေါက်​​တွေနီရဲပီးအနည်းငယ်​ကြွပ်​သည်​အထိ​ကြော်
ပေးပါ..ရလျှင်​ဆီစစ်​ထားပါ..

ချက်​မည့်​အိုးထဲမှာ အရင်​ဆုံး​ရေကိုပွက်​ပွက်​ဆူ​အောင်
တည်​ပါ.ပွက်​လျှင်​ ဆီစစ်​ထား​သော ဝက်​လက်​ကိုထည့်​.
ပြုတ်​ပါ..ကြက်​သွန်​နီဥ လိုက်​ ကြက်​သွန်​ဖြူ ဥလိုက်
ချင်းသုံးပြား ထည့်​ပါ..အရသာအတွက်​ သကြားဆား
အရသာမူန့်​ ပဲငံပြာရည်​ အကျဲထည့်​ပါ.ငရုတ်​​ကောင်း
မူန့်​နှင့်​ရှာ​ကောပါ​ကောမုန့်​အနည်းငယ်​စီထည့်​ပါ..

အနံအရသာအတွက်​အားလုံးစုံ​အောင်​ထည့်​ပြီးလျှင်
မီး​အေး​အေးဖြင့်​ ဝက်​​ခေါက်​​တွေမနူးမချင်းတည်​​ပေး
ပါ..ဝက်​​ခေါက်​​တွေလည်းအိ အရသာလည်းအ​နေ​တော်
ဆိုရင်​ စားလို့ရပါပီ ..

ဟင်းပွဲပြင်​မည်​ဆိုလျှင်
•••••••••••••••••
ပန်းကန်​ပြား အကြီးတစ်​ချပ်​ထဲသို့ ထမင်းပူပူ​လေး ကို
အရင်​ထည့်​ပါ..ဝက်​လက်​​တွေကို အ​နေ​တော်​လှပ​အောင်
ခုတ်​ထစ်​ပြီး ထမင်း​ဘေးသို့စီရီထည့်​​ပေးပါ..တွဲဖက်​စားဖို့
က​တော့ အချဉ်​ရည်​​ဆောစ့်​တစိမျိုးမျိုးနှင့်​အအီ​ပြေ
ခံတွင်းရှင်း​စေရန်​သခွားသီး..အရည်​​သောက်​အတွက်
ဝက်​လက်​စွတ်​ပြုတ်​ရည်​ပူပူ​လေးကို ငရုတ်​​ကောင်း
တရုတ်​နံနံကြက်​သွန်​မိတ်​အုပ်​​ပေးပါ..

အားလုံးအကြိုက်​တူရင်​ချက်​စားကြည့်​ကြ​စေဖို့
စေတနာများစွာဖြင့်​.. လိုင်​လိုင်