ပုဇွန်သံပုရာပေါင်း


...........................,,
ငါးသံပုရာပေါင်းက လူသိများပေမဲ့ ပုဇွန်သံပုရာပေါင်းက လူသိနည်းနေဆဲပါ..ထူးထူးခြားခြားလေးကို အိမ်မှာချက်ကြည့်ရအောင်..

၁. အရမ်းလတ်ဆတ်တဲ့ ပုဇွန်ကျားကိုရွေးဝယ်ပြီး ခေါင်း၊ ကျောရိုးက အညိုကျော ကိုဖယ်ရှားသန့်စင်ပါ..
၂.ကြက်သွန် ဖြူ နီ၊ ငရုပ်သီးစိမ်း၊ နံနံမြစ်၊ ဂျင်း တို့ကိုရောပြီး မညက်တညက်ထောင်းပါ။

၃. အိုးထဲတွင်ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။
၎. ရေနွေးဆူထဲသို့ ထောင်းထားသော အစုံကိုထည့်လိုက်ပါ။ 

၅. ယိုးဒယား ပုစွန်ငံပြာရည်၊ သံပုရာရည် တို့ကိုလိုက်ထဲ့ပါ။
၆.ပုဇွန်ကိုထည့်ပါ။ ၄မိနစ်ခန့်စောင့်ပြီး ဆားမြည်းပါ။ မထုတ်မီ နံနံနှင့်ရှမ်းနံနံအုပ်ပါ။
ရပါပြီ။

credit-Dagon Kyaw