ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဂျပန်စတိုင် Tonkatsu လို့ခေါ်တဲ့ ၀က်သား အကြွပ်ကြော်ပါ။ ၀က်သား အကြွပ်ကြော်ကို ပါးပါးလှီးပြီ အပေါ်က Worcestershire ဆော့ဆမ်းကာ ဂေါ်ဖီတွေနဲ့ တွဲဖက်သုံးဆောင်ရပါတယ်။ ဒီဝက်သား အကြွပ်ကို ဆမ်ဝေ့ထဲမှာ အစားသွပ်ပြီလည်း သုံးဆောင်လို့ရသလို၊ ဂျပန်ဟင်းလျာတွေနဲ့လည်း တွဲဖက် စားသုံးလို့ရပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်သား (လိုင်းသား) – ၂ခု (၂၅၀ ဂရမ် (သို့) ၁၅ကျပ်သား)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးပေးရန်)
  • ဂျုံမှုန့် – ၁၀၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • ပါမုန့်ခြောက် – ရ၀ ဂရမ် (breadcrumb ကို Supermarket များမှာ ၀ယ်ယူနိုင်ပါသည်)
  • ဂေါ်ဖီထုပ် – ၁စိတ် (ခပ်ပါးပါး လှီးထားပြီ ရေအေးထဲမှာ ၅မိနစ်စိမ်ထားပေးပါ)
  • ဆီ – များများ
ဆော့အတွက် ပါဝင်ပစ္စည်းများ
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ခွက် ၃ပုံ၁ပုံ/ ၁၀၀မီလီလီတာ (city mart တွင် ၀ယ်ယူနိုင်သည်)
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် (Worcestershire ဆော့၊ ခရမ်းချဉ်သီးဆော့၊ သကြား) တို့ကို သကြားပျော်သည်အထိ သမအောင် ရောမွှေပေးပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး (၀က်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။
၂။ ပြီနောက် ၀က်သားများကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။
၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ၀က်သားများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။ ပြီနောက် ရေခဲသေတ္တာ အောက်ထပ်တွင် ၁၀မိနစ်ခန့် အအေးခံထားပေးပါ။
၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ၀က်သားများကို မီးအသင့်တင့်ဖြင့် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၅။ ထို့နောက် ၀က်သား အကြွပ်ကြော်ကို ဓားဖြင့် ပါးပါးအစောင်း လှီးပေးပြီ ပန်းကန်ပေါ်မှာ ၀က်သား အကြွပ်ကြော်များကို ပြင်ပေးထားပါ။
၆။ ပြီလျှင် ၀က်သားအကြွပ်ကြော် ပေါ်မှာ ဆော့များ ဆမ်းပေးပြီ ဂေါ်ဖီထုပ်၊ ဆော့တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…