ထိုင်းငရုတ်အချိုဆော့စ် ( Thai sweet chilli sauce )

ထိုင်းငရုတ်အချိုဆော့စ် ( Thai sweet chilli
sauce )
လက်ညှိုးအရွယ်ရှိတဲ့ ငရုတ်အနီ အစိုသီး
အတောင့် ၂၀ မှာ စပ်တဲ့ ငရုတ်အနီအစိုအသေးတောင့် ၅ တောင့်ထည့်ပါ 
ကြက်သွန်ဖြူ ၅ မွှာနဲ့  ခွဲကြမ်းဖြစ်အောင်ထောင်းပါ
( သိပ်မကြေသလို / သိပ်ပြီးအဖတ် မကြီးစေရ)
ထောင်းထားတဲ့ ငရုတ်သီးနဲ့  ကြက်သွန်ဖြူကို
ရေ လိုသလောက် / အနေတော်ထည့်
ဆား/ သကြား/ ရှာလကာရေ ထည့်ပြီး
ပွက်ပွက်ဆူဆောင် ကျိုပါ
( အရသာမှာ ချိုချဉ် )
အရသာ စိတ်တိုင်းကျပြီဆိုရင်
ကော်မှုန့် ကို ရေ နဲ့  အနေတော်ဖျော်ပြီး
မပျစ် မကျဲ အနေအထားရောက်အောင်
ထည့်မွှေပေးပါ 👍
Sauce အေးသွားပြီးနောက် စားခါနီး
သံပုရာရေ အနည်းငယ် ညှစ်ထည့်ပါက
အနံ့ ပိုမွှေးပါတယ် 
#တချို့ကတော့ငရုတ်သီးအစိုတောင့်နေရာမှာအိမ်မှာရှိတဲ့ငရုတ်သီးအစိမ်းမှုန့်ခွဲကြမ်းကိုလဲသုံးကြပါတယ်
အအေးခံပြီး ဗူးသန့် သန့်  နဲ့ ထားပါက နှစ်ချီအထားခံပါတယ်
စားခါနီးမှာ ရှောက်ရွက်လေး သေးမျှင်လှီးပြီး
အလှဆင် တင်စားလို့ ရပါတယ် 🤘
#အနောက်နိုင်ငံတွေမှာခရမ်းချဉ်သီးပါတဲ့အစားအစာတိုင်းမှာသကြားအမြဲသုံးလေ့ရှိကြပါတယ်
ရွှင်လန်းချမ်းမြေ့ကြပါစေ 

Image may contain: food