ကြက်သား Teriyaki ဆော့

ကြက်သား Teriyaki ဆော့

Chicken_Teriyaki4
ကြက်သား နှင့် Teriyaki ဆော့ ချက်နည်းပါ။ ကြက်သားကို မချက်ခင် teriyaki ဆော့နှင့် ရောမွှေပြီမှ ချက်ထားတာမို့ အသားက အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ လုပ်ရတာလည်း အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား – ၃၂၀ဂရမ် (၂၀ကျပ်သား) (၁လက်မအရွယ်အတုံးလေးများ တုံးထားပါ)
  • ဆာကေး(ဆန်ဝိုင်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • Mirin (ဆန်ဝိုင် အချို) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (အပေါ်မှ ဖြူးရန်)
  • ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ဆာကေး၊ mirin၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ) တို့ကို သမအောင် ရောမွှေထားပါ။
Chicken_Teriyaki1
၂။ ပြီလျှင် ကြက်ရင်ဗုံသားများကို ဆော့ရည်ခွက်ထဲ ထည့်ပြီ နာရီဝက်ခန့် စိမ်ထားပေးပါ။
Chicken_Teriyaki2
၃။ ပြီနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း) ထည့်ပြီ ကြက်သားများကို အရောင်ရသည်အထိ ဆီပူထိုးပေးပါ။
၎။ ပြီမှ teriyaki ဆော့ရည်များကို ထည့်ပြီ မီးနည်းနည်းဖြင့် ၅မိနစ်ခန့် တည်ထားပေးပါ။
၅။ ထို့နောက် ခွက်တစ်ခုထဲ ထမင်းထည့်၊ teriyaki ကြက်သား ထည့် အပေါ်မှ နှမ်းဖြူး၊ ကြက်သွန်မြိတ်များ ဖြူးပြီ သုံးဆောင်လို့ရပါပြီ…
Chicken_Teriyaki4