Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

ဂျပန် soba ခေါက်ဆွဲကို တူနာ နှင့် အရွက်စုံသုပ်ထားတာပါ။ အရသာက ချိုချဉ်လေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ soba ခေါက်ဆွဲတွေကိုလည်း Supermarket တွေမှာ ၀ယ်ယူနိုင်ပြီမို့ အလုပ်တကူနဲ့ နေ့လည်စာ၊ ညနေစာအတွက် လုပ်စားနိုင်မှာပါ။ ခုပဲ တူတူသုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • Soba ခေါက်ဆွဲ – ၃၀၀ ဂရမ်
  • တူနာ ဆီသွပ်ဗူး – ၁ဗူး (ဆီသွပ်ဗူးမှ အရည်များကို သွန်လိုက်ပါ)
  • သခွားသီး – ၁ခွက် (အခွံနွှာပြီ အတုံးသေးများ တုံးပါ)
  • မုန်လာဥနီ – ၁ခု (ခြစ်တံဖြင့် ခြစ်ထားပေးပါ)
  • ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ဗီနီကာ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သုပ်နည်း
၁။ အရင်ဆုံး soba ခေါက်ဆွဲကို အထုပ်မှာ ပါတဲ့ အညွှန်းအတိုင်း ပြုတ်ပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၃၀၀ မီလီလီတာ) ထည့်ပြီ ရေဆူလာလျှင် ခေါက်ဆွဲများကို ၅မိနစ်ခန့် ပြုတ်ပေးပြီ ရေအေးစိမ်၍ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၃။ ပြီလျှင် ခွက်တစ်ခုထဲတွင် (ခေါက်ဆွဲ၊ မုန်လာဥနီ၊ ငရုတ်သီးပွစိမ်း၊ ခရမ်းချဉ်သီး၊ သခွာသီး၊ ကြက်သွန်မြိတ်၊ တူနာ) တို့ကို ထည့်လိုက်ပါ။
၎။ ပြီနောက် ဆား၊ ငရုတ်ကောင်းမှုန့်၊ ဗီနီကာ၊ ပဲငံပြာရည်၊ ဆီ၊ နှမ်းဆီ တို့ကို ထည့်ပြီ သမအောင် ရောနုယ်ပေးပါ။
၅။ အရသာရှိပြီ စားလို့ကောင်းတဲ့ Soba ခေါက်ဆွဲ နှင့် တူနာ၊ ဟင်းရွက်စုံသုပ်ကို သုံးဆောင်လို့ရပါပြီ…