RoseMary Potato
RoseMary Potato
ပါဝင်သောပစ္စည်းများ
၁။ အားလူး – ၅၀ကျပ်သား (အခွံနွာပြီး အ၀ိုင်းထူထူလေးများလှီးပေးပါ)
၂။ ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်း
၃။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
၎။ Rosemary – လက်ဖက်ရည်ဇွန်း ၁ဇွန်း ( အနောက်တိုင်းအမွှေးအကြိုင်)
၅။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီများများထည့်ပြီး အားလူးများကို အ၀ါရောင်သန်းလာသည်အထိ ကြော်ပေးပါ။
၂။ ပြီးလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ထောပတ် ထည့် ကြက်သွန်ဖြူ များကို အညှိရောင်သန်း သည်အထိ မွှေပေးပါ။
၎။ ပြီးမှ ကြော်ထားသော အားလူးထည့်၊ ဆား၊ Rosemary ထည့်မွှေပေးလိုက်ပါ။
၅။ ထောပတ်အနံ့သင်းပြီး အရသာကောင်းတဲ့ Rosemary Potato ကို စားသုံးနိုင်ပါပြီး…
Rosemary Herb Photo