ကူဖီ မလိုင် (Kulfi)
ကူဖီ မလိုင် (Kulfi)
ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။ ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ နွားနို့ (full fat milk) – ၁ လီတာ
၂။ သီဟိုဌ်စေ့ (သို့) ဗန်ဒါသီး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပေးပါ)
၃။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း ရဇွန်း
၅။ ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် (သို့) ဖာလာမှုန့်အစား ဖာလာစေ့များကို ထောင်းထည့်လျှင်လည်း ရသည်။
ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲသို့ နွားနို့ (၁လီတာ)ကို လောင်းထည့်လိုက်ပြီ မီးနည်းနည်းဖြင့် ဆူအောင် တည်ထားပေးပါ။
၂။ နွားနို့ပူလာပြီဆိုမှ (ဆန်မှုန့်၊ ထောင်းထားသော သီဟိုဌ်စေ့ (သို့) ဗန်ဒါသီး) တို့ကို နွားနို့နည်းနည်းဖြင့် ခွက်တစ်ခုထဲတွင် အရင်ဖော်ပြီမှ ဒယ်အိုးထဲ လောင်းထည့်ပြီ ရောမွှေလိုက်ပါ။
၃။ ချိုစိမ့်အောင် သကြား(စားပွဲတင်ဇွန်း ရဇွန်း)ကို ထည့်ပြီ ရောမွှေလိုက်ပါ။
၎။ နွားနို့ တ၀က်လောက်ပဲ ကျန်သည်အထိ ၁နာရီခန့် မီးနည်းနည်းဖြင့် တည်ထားရမည်။ နွားနို့ပေါ်မှ အမြုပ်များ၊ မလိုင်ဖတ်များတက်လာလျှင် ဆက်မွှေပေးနေပါ။
၅။ နွားနို့လည်း တ၀က်လောက်ကျန်သည့်အချိန်မှ အနံ့အတွက် ဖာလာမှုန့်လေးများ ထည့်ရောမွှေပေးပြီ မီးပိတ်ထားလိုက်ပါ။
၆။ ပြီလျှင် ကူဖီမလိုင်အိုးကို လုံးဝအေးသွားသည်အထိ အအေးခံထားပါ။
ရ။ ပြီနောက်မှ ကူဖီမလိုင်များကို မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲသို့ လောင်းထည့်ပေးပြီ ၂နာရီခန့် ရေခဲသေတ္တာ ခဲသောနေရာတွင် ထည့်၍ ခဲထားပေးပါ။
၈။ ကူဖီမလိုင်မသုံးဆောင်မှီ ခေတ္တမျှ ရေခဲသေတ္တာထဲမှ ၅မိနစ်ခန့် အရင်ထုတ်ထားပေးပါ။
၉။ ပြီမှ ကူဖီမလိုင်အေးအေးလေးကို မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…