ကြက်သွန်နီ ကွင်းကြော် (Fried Onion Ring)
ကြက်သွန်နီ ကွင်းကြော် (Fried Onion Ring)
နေ့လည်စာ အစာပြေ လွယ်လင့်တကူ လုပ်စားနိုင်ဖို့ ကြက်သွန်နီ ကွင်းကြော်လေးပါ။ Onion ring လို့ခေါ်တဲ့ ကြက်သွန်နီ အကွင်းလေးတွေ လှီးပြီ ဆီများများနဲ့ ကြော်ထားတာပါ။ ကြွပ်ရွရွလေးနဲ့မို့ အရမ်းလည်း စားကောင်းပါတယ်။ လုပ်ရလည်း လွယ်ပြီ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်မှာပါ…
ပါဝင်ပစ္စည်းများ
- ကြက်သွန်နီ – ၃လုံး (အလုံးကြီး)
- ဂျုံမှုန့် – ၁ခွက်ခွဲ
- Baking powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကြက်ဥ – ၁လုံး
- နွားနို့ – ၁ခွက်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သွန်နီကို အ၀ိုင်း ထူးထူးလှီးပေးပါ။
၂။ ထို့နောက် ခွက်တစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။
၃။ ကြက်ဥနှင့် နွားနို့ကို ရောခလောက်လိုက်ပါ။
၎။ ခလောက်ထားသော နွားနို့ခွက်ထဲ ကြက်သွန်နီကွင်း များကို အရင်နှစ်စိမ်ပေးပါ။
၅။ ပြီမှ ဂျုံခွက်ထဲသို့ ကြက်သွန်နီကွင်းများကို ထည့်ပြီ ဂျုံကပ်ပေးပါ။
၆။ ပိုကြွပ်ရွစေရန် ဂျုံကပ်ပြီသား ကြက်သွန်နီကွင်းများကို နောက်တစ်ကြိမ် နွားနို့ခွက်ထဲ ပြန်နှစ်ပြီ ဂျုံ ထပ်မန် ကပ်ပေးပါ။
ရ။ ထိုနည်းအတိုင်း ကျန်ကြက်သွန်နီကွင်းများကို ပြုလုပ်ပါ။
၈။ ပြီနောက် ဆီများများထည့်ထားသော ဆီကြော်အိုး (သို့) deep fast fryer ထဲထည့်ပြီ ကြက်သွန်နီကွင်းများ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။
၉။ ကြက်သွန်နီ ကွင်းကြော်လေးများ ရပြီဆိုလျှင် ခရမ်းချဉ်သီး ketup (သို့) sour cream မိမိကြိုက်နှစ်သက်ရာဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
————————————————————————————————————