အမဲသား နှင့် Broccoli ကြော်

အမဲသား နှင့် Broccoli ကြော်

Beef_Broccoli_Fry4
တရုတ်စတိုင် အမဲသား နှင့် Broccoli ပန်းကော်ဖီစိမ်း ကြော်လေးပါ။ အမဲသားက ဆန်ဝိုင်ဖြင့် နုပ်ထားပြီမှ ချက်ထားမို့ အမဲသားက နူးအိပါတယ်။ လွယ်လွယ်ကူကူပဲ ချက်လို့ရပြီ ဟင်းသီဟင်းရွက်တွေနဲ့ ရောကြော်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • အမဲသား(သို့) ၀က်သား – ၄၀၀ ဂရမ် (အရှည် ပါးပါးလှီးပေးပါ)
  • ပန်းကော်ဖီစိမ်း (Broccoli) – ၂ခွက်စာ (အတုံးများ တုံးထားပါ)
  • ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကော်မှုန့် – စားပွဲတင်ဇွန်း တ၀က် (ရေ(စားပွဲတင်ဇွန်း ၁ဇွန်း) ဖြင့် ရောမွှေပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
အမဲသား နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
Beef_Broccoli_Fry2
ချက်ပြုတ်နည်းများ
၁။ အရင်ဆုံး အမဲသားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ဆန်ဝိုင်၊ ပဲငံပြာ၇ည်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် သမအောင် ရောမွှေပြီ ရေခဲသေတ္တာ(အောက်ထပ်) ထည့်ပြီ ၁နာရီခန့် နုပ်ထားပေးပါ။
၂။ ပြီနောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၃။ ပြီလျှင် အမဲသားထည့် ၂မိနစ်ခန့် ဆီပူထိုးပေးပြီ ရေ(ခွက်ဝက်) ထည့်ပေးပါ။
၎။ ထို့နောက် ပန်းကော်ဖီစိမ်း၊ ငရုတ်သီးပွနီ တို့ကို ထည့်ပြီ ၁မိနစ်ခန့် ရောကြော်ပါ။
၅။ အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီ တို့ကို ထည့်ပေးပါ။
၆။ အရသာ အနေတော်လျှင် ကော်ရည်ကို လောင်းထည့်ကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။
Beef_Broccoli_Fry3
ရ။ အရသာရှိသော အမဲသားနှင့် ပန်းကော်ဖီစိမ်းကြော်ကို ထမင်းပူပူလေးဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…
Beef_Broccoli_Fry4
———————————————————————————————————————