မရမ်းသီးထောင်းနည်း
မရမ်းသီးထောင်းနည်း
မရမ်းသီးကိုငပိမပါပဲပုဇွန်ခြောက်နဲ့ထောင်းထားတာလေးပါ
မရမ်းသီးနုနုလေးတွေထပ်ခြမ်းခွဲရေဆေးပြီးဆားရည်စိမ်ထားပါ
ဒါဆိုမရမ်းသီးကမမဲတော့ပဲစိမ်းနေပါမယ်ချစ်တို့ရေ့
ပုဇွန်ခြောက်လက်တစ်ဆုပ်
မရမ်းသီးကျပ်သား
ကြက်သွန်ဖြူဗမာတစ်ဥ
ငရုတ်သီးစိမ်းအစပ်စားနိုင်သလောက်ပါရှင်
အရင်ဆုံးကြက်သွန်ဖြူထောင်း
ပြီးရင်ငရုတ်သီးစိမ်းထည့်ထောင်း
ပြီးရင်ပုဇွန်ခြောက်ထည့်ထောင်း
ဆား၊အရသာ၊ငံပြာရည်အနည်းငယ်ထည့်ပေးပါ
နောက်ဆုံးမှမရမ်းသီးထည့်ထောင်းပြီးပဲဆီစိမ်းလေးလောင်းပါ
ပုဇွန်ခြောက်ကဆီနဲ့တွေ့ပြီးပွလာတော့တစ်မျိုးလေးစားကောင်းတယ်ရှင့်