ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ


ရောင်စုံဘောလုံး ဟင်းရွက်စုံ နှင့် ကြက်သားလုံးဟင်းလျာ
Colorful_Pork_Ball7
တရုတ်စတိုင် ကြက်သား နှင့် ဟင်းရွက်များကို ဘောလုံးပုံ အလုံးလေးများ ပြုလုပ်ပြီ ချက်ထားတာ ဖြစ်ပါတယ်။ ဒီဟင်းရဲ့ ထူးခြားမှုမှာ မုန်လာဥနီ၊ ဖရုံသီး၊ ဂေါ်လခါးသီး၊ အာလူး ဟင်းရွက်အစုံအလင်ရဲ့ အရသာ ချိုစိမ့်နေပါတယ်။  လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
ကြက်သားလုံးတွင် ပါဝင်သောပစ္စည်းများ
  • ကြက်သား(သို့)၀က်သား – ၃၂၀ဂရမ်(သို့)၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပြီသား)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
တခြား ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ))
  • မုန်လာဥနီ – ၁ခု
  • ဂေါ်လခါးသီး – ၁ခု
  • အာလူး – လုံးကြီး ၂လုံး
  • ရွှေဖရုံသီး – တစိတ်
  • ငုန်းဥ (သို့) ဆေးငုန်းဥ – ၆လုံး (ပြုတ်ပြီ အခွံနွာထားပါ)
  • ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
  • ပဲငံပြာရည် အနောက်(အချို) – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဂေါ်လခါးသီး၊ အာလူးတို့ကို အလုံးလေးများ မပြုလုပ်ခင် ဟင်းရွက်များကို အနည်းငယ် နုအိသွားအောင် လုပ်ပြီ အလုံးပုံဖော်ပါမည်။
၂။ ဒယ်အိုးထဲ ရေ(၃လီတာ)ထည့်ပြီ ဆူလာလျှင် မုန်လာဥနီ၊ ဂေါ်လာခါးသီး၊ အာလူး များကို ၁၅မိနစ်ခန့် ပြုတ်ပေးပါ။
၃။ တည်ထားစဉ် ပေါင်းအိုးဖြင့် ရွှေဖရုံသီးကို ၁၅မိနစ်ခန့် တည်ပေးပါ။
၎။ ပြီမှ အလုံးပုံဖော်တဲ့ scoop တံဖြင့် မုန်လာဥနီ၊ ဂေါ်လခါးသီး၊ အာလူး၊ ရွှေဖရုံသီးကို အလုံးများပြုလုပ်ပေးပါ။
Colorful_Pork_Ball4
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သားလုံးတွင် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သား၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ခရုဆီ၊ ဂျုံမှုန့်၊ နှမ်းဆီ) တို့ဖြင့် သမအောင် ရောနုယ်ပေးပါ။
Colorful_Pork_Ball
၂။ ပြီလျှင် ကြက်သားများကို သံပရာသီးထက် သေးငယ်တဲ့ အရွယ် အလုံးလေးများ လုံးပေးပါ။
Colorful_Pork_Ball2
၃။ ပြီးလျှင် ဒယ်ထဲ ဆီများများထည့်ပြီး ကြက်သားလုံးများထည့် ရွှေညှိရောင်သန်းသည် အထိကြော်ပေးပါ။
Colorful_Pork_Ball3
၎။ ကြော်ပြီးလျှင် ဇကာဖြင့် ကြက်သားလုံးများကို ပြန်ဆယ်ပေးထားပါ။
၅။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်နီများကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။
၆။ ပြီးလျှင် မုန်လာဥနီ၊ ဂေါ်လာခါးသီး၊ ရွှေဖရုံသီး၊ အားလူး လုံးလေးများကို ထည့်၍ ရေတစ်ခွက်ခန့်ထည့် တည်ထားပေးပါ။ ဟင်းရွက်များ နူသည်အထိ နောက်ရေ(ခွက်တ၀က်) ထပ်ထည့်တည်ပေးပါ။
Colorful_Pork_Ball5
၇။ ထို့နောက် အရသာအပေါ့ အငံအတွက် ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊  ခရုဆီ၊ ပဲငံပြာရည်အနောက် ထည့်ပြီ ရောမွှေပေးပါ။
၈။ ပြီမှ ကြက်သားလုံးများ နှင့် ငုန်းဥကို ထည့်ရောမွှေလိုက်ပါ။
Colorful_Pork_Ball6
၉။ နောက်ဆုံးမှ နှမ်းဆီ၊ ကြက်သွန်မြိတ်များ ဖြူးပြီ အရသာရှိသော ရောင်စုံ ဟင်းရွက်စုံနှင့် ကြက်သားလုံးဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…
Colorful_Pork_Ball7